ဘုတလင်မြို့နယ်တွင် ဘိုးဘွားများအား လူမှုရေးပင်စင်များ ကွင်းဆင်းထောက်ပံ့

ဘုတလင် ၂ ဇန်နဝါရီ

 

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ သုံးလတစ်ကြိမ် ထောက်ပံ့ ပေးအပ်လျက်ရှိရာ ဇန်နဝါရီ ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ ဘိုးဘွားများထံသို့ လူမှုရေးပင်စင်များ အိမ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းထောက်ပံ့ပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခင်မောင်ဇော်နှင့် အဖွဲ့ဝင်များက မြို့ပေါ်၊ ဇီးတော၊ ထနောင်းကုန်း၊ ကံသစ်၊ သားရိုးကုန်းကျေးရွာတို့သို့ သွားရောက်ပြီး ဘိုဘွားများအား အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် အမျိုးသားလူမှုရေးပင်စင် ငွေကျပ်(၃)သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ဘုတလင်မြို့နယ်အတွင်းရှိ အခြားရပ်ကွက်နှင့် ကျေးရွာများမှ ဘိုးဘွားများအတွက် လူမှုရေးပင်စင် ငွေကျပ် သုံးသောင်းစီကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘုတလင်မြို့နယ်တွင် အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွား(၅၁၂)ဦးအတွက် လူမှုရေးပင်စင် ငွေကျပ်၁၅၃သိန်း၆သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဟန်ထွန်း