နေပြည်တော် ဒီဇင်ဘာ ၅
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲပွဲစဉ်များနှင့် ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း / ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစားကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ကျင်းပရာ အမျိုးသားကြက်တောင်ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၃ပွဲ ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို ၃ ပွဲ ၂ ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ကယားပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲ၊ ချင်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲ ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲ၊ မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ၃ ပွဲ ၂ ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်း ကရင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲ ၁ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးကို ၃ ပွဲ ပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအသက် (၂၅) နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း မြားပစ်ကွင်း (၁/၂) ၌ ကျင်းပရာ အမျိုးသားခရစ်ကတ်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၈ ယောက်အသာဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၄၈ မှတ်သာဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၃၆ မှတ်အသာဖြင့် လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၂၁ မှတ်အသာဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ရမှတ် ၁၀၉ မှတ်အသာဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၆၄ မှတ်အသာဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၈ ယောက်အသာဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၄ ယောက် အသာဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၃) နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ် (၅၇-၄၀) မှတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ရမှတ် (၉၆-၅၄) မှတ်၊ ကရင်ပြည်နယ် အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ရမှတ် (၈၆-၅၂) မှတ်၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ရမှတ်(၉၂-၄၃) မှတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ် (၇၅-၆၅) မှတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၀) နှစ်အောက်ဘော်လီဘော ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပရာ အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်း ကို ၃ ပွဲ ၁ ပွဲ ၊ ရှမ်းပြည်နယ် အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်း ကို ၃ပွဲ ပြတ်၊ ကရင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲ၊ ကချင်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၂ ပွဲဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၂ ဂိုး ၁ ဂိုး၊ ဧရာဝတီ တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၁ ဂိုး ဂိုးမရှိ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၅ ဂိုး ၁ ဂိုး၊ မကွေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၁ ဂိုး ဂိုးမရှိ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ၂ ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့က ဂိုးမရှိသရေ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့က တစ်ဖက် ၁ ဂိုးစီ၊ ကချင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ဂိုး ဂိုးမရှိ၊ မွန်ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်း ကို ၂ ဂိုး ၁ ဂိုး၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်း ဒေသကြီးအသင်းကို ၃ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း အနိုင်ရရှိ ခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပရာ အမျိုးသားနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်း ကို ၂ ပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသမီး နှစ်ယောက်တွဲပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၂ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
အမျိုးသားနှစ်ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ကွားတားဖိုင်နယ်ပွဲစဉ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ ပွဲ ၁ ပွဲ၊ ကရင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၂ပွဲပြတ်၊ ရခိုင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက်အမျိုးသား ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း (၃)/(၄) တို့တွင် ယှဉ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ် အသင်းတို့က ဂိုးမရှိသရေ၊ ကရင်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့က တစ်ဖက် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကြသည်။
ဝန်ကြီးဌာနပေါင်းစုံအလွတ်တန်း အမျိုးသားဘောလုံး ပြိုင်ပွဲများကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာအသင်းကို ၃ ဂိုးပြတ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့က တစ်ဖက် ၂ ဂိုးစီဖြင့်လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။
ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ အားကစားနည်းအလိုက်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်း သူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အမျိုးသား / သမီး နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်များနှင့် ဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ လည်းကောင်း ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းမှစတင်၍ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်