နေပြည်တော် ဇန်နဝါရီ ၁၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် ည ၁၁ နာရီ မိနစ် ၅၀ တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီး-ရန်ကုန်သွားခရီးသည်တင် မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မမူမျိုးစန္ဒာဝင်းနှင့် မနန်းရီမူတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ ကိုလည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီတွင် ကလောမြို့နယ်၊ ရေယောင်းမကျေးရွာအနီး၊ ကလော-သာစည်သွားကားလမ်းတွင် သန်းထွေး (ခ) သန်းထိုက် မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် ညနေ ၅ နာရီခွဲတွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ စိုင်းထက်ဦး အောင် (ခ) အိုရားမား၏ နေအိမ်ကို သတင်းအရရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၉၃၃၅ ကီလို၊ မြန်မာ ငွေကျပ်သိန်း ၂၉၀ နှင့် မော်တော်ယာဉ် ၇ စီး သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်