နေပြည်တော် ဇန်နဝါရီ ၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်ရှိ စိုးသူအောင်(ခ)ဇင်ဇင်း ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား၊ အိုက်စ် သုည ဒသမ ၉ ကီလို ကိုလည်းကောင်း၊ ထို့ပြင် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီတွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)ရှိ စိုင်းယီတစ်(ခ)ယီနွဲ့ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်