အမေရိကန်မပါတဲ့ တရုတ်ရဲ့ ကုန်စည်ပြပွဲကို ကမ္ဘာ့ထုတ်ကုန်နိုင်များ စိတ်ဝင်စားမှုရရှိ

တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပနေတဲ့ တရုတ်-နိုင်ငံတကာကုန်စည်ပြပွဲကို တနင်္လာနေ့က စတင်ကျင်းပရာ ထောင်ချီတဲ့နိုင်ငံတကာကုမ္ပဏီတွေက လာရောက် ပြသတာကို တွေ့ရပါတယ်။ တရုတ်သမ္မတ ရှီကျင်းဖျင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတကာကနေ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှု အမေရိကန်ဒေါ်လာ ၃၀ ထရီလီယံဖိုး လာမယ့် ၁၅နှစ်အတွင်းမှာ တရုတ်က ဝယ်ယူအသုံးပြုဖို့ သံဓိဌာန်ချထားကြောင်း ပြောကြားပါတယ်။ 

 

ပြပွဲမှာ အီတလီနိုင်ငံက ရဟတ်ယာဉ်တွေ၊ ကနေဒါနိုင်ငံက သားမွေးပစ္စည်း၊ ဒိုမေနီကန်က ဆေးပြင်းလိပ် နဲ့ ဂျပန်နိုင်ငံက လတ်ဆတ်တဲ့ ငါးတွေပါ ပါဝင် ပြသနေပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန်က တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးလုပ်ငန်းစဉ်ဟာ မညီမျှပေါ်မှာ အခြေခံတယ်ဆိုပြီး ပါဝင်တာကို မတွေ့ရပါဘူး။ 

 

ပြပွဲကို တက်ရောက်လာတဲ့ သူတွေက ထရန့်ရဲ့ အထီးကျန်ပေါ်လစီလို့ တင်စားခေါ်ဆိုရမယ့် ကုန်သွယ်ရေးပေါ်လစီအသစ်က သူတို့ကို တရုတ်နဲ့ နီးကပ်သွားအောင် ပို့နေသလိုဖြစ်တယ်လို့ဆိုပါတယ်။ အယ်ဆာဘာဒိုးနိုင်ငံက ကုန်သွယ်ရေးအရာရှိ စီဖရီဒိုရေးစ်က သူတို့နိုင်ငံထုတ် ကော်ဖီလို ကုန်ပစ္စည်းတွေကို အမေရိကန်သမ္မတရဲ့ ကုန်သွယ်ရေးက ဈေးနိမ်တဲ့အတွက် သူတို့နိုင်ငံအနေနဲ့ အထိနာခဲ့တယ်လို့ ပြောပါတယ်။ 

 

ကုန်စည်ပြပွဲကို တက်ရောက်လာတဲ့ တရုတ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်က သူတို့က အမေရိကန်နဲ့ အမြဲတမ်းနီးနီကပ်ကပ်ရှိနေပါတယ်။ တချိန်တည်းမှာ ကုန်သွယ်ဘက်တွေကို အမျိုးစုံချင်တယ်။ အထူးသဖြင့် တရုတ်နိုင်ငံက အင်မတန်ကြီးတဲ့ နိုင်ငံကြီးတစ်နိုင်ငံဖြစ်တယ်။ ၂၀၂၅ အရောက်မှာ ကနေဒါနဲ့ တရုတ်ရဲ့ ကုန်သွယ်ရေးဟာ လက်ရှိထက် နှစ်ဆ ဖြစ်လာရေးကို ဦးတည်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

 

အမေရိကန်ရဲ့ မဟာမိတ်အင်အားကို တရုတ်က လျှော့ချသလိုမျိုးဖြစ်နေတာကို အခုကျင်းပနေတဲ့ ကုန်စည်ပြပွဲကနေ တွေ့ရပါတယ်။ 

 

MDN
ကိုးကား-AFP