အရာတော်မြို့နယ်တွင် မူးယစ်ဆေးဝါး၊ သက်ငယ်မုဒိမ်းနှင်‌့ လူကုန်ကူးမှုမဖြစ်ပွားစေရေး ပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ဝက်ခဲကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီက မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပသည်။

 

ဟောပြောပွဲ၌ အရာတော်ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး အောင်နိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး တို့အား အသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးစိန်မင်း၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာ သူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်