မိုင်းရှူး ၂၇ ဒီဇင်ဘာ
မိုင်းရှူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် အရည်အသွေး ပြည့်ဝသော ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲက မိုင်းရှူးမြို့ပေါ်ရှိ လက်လီ လက်ကား ရောင်းချသည့် အရောင်းဆိုင်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
တောင်သူလယ်သမားများ၏ အကျိုးစီးပွားကာကွယ်နိုင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးရေး သွင်းအားစုများအား သက်ဆိုင်ရာ ညွှန်ကြားချက်အတိုင်း တင်သွင်းရောင်းချ နိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်း တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများ၊ လက်လီ လက်ကား ရောင်းချနေသည့် အရောင်းဆိုင်များအား အသိပညာပေးခြင်း၊ ပညာပေး ကာလသတ်မှတ်ခြင်းများ အချိန်ကာလတစ်ခုအထိ ဆောင်ရွက်ခဲ့ပြီးသည့်အတွက် တရားမဝင် တင်သွင်းမှု၊ သက်ဆိုင်ရာညွှန်ကြားချက်နှင့် ညီညွတ်မှုမရှိသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ရောင်းချသည်ကို စိစစ်တွေ့ရှိရပါက ရောင်းချသူအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်