စတုတ္ထအကြိမ်မြောက် မျက်မမြင် အကြောပြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် ၂၇ ဒီဇင်ဘာ 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် Japan Heart, International Medical Volunteers တို့ ပူးပေါင်းဆောင်ရွက်သည့် စတုတ္ထအကြိမ်မြောက် မျက်မမြင် အကြောပြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပသည်။

 

 

အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မြန်မာနိုင်ငံတွင် မျက်မမြင်အကြောပြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဂျပန် - မြန်မာ ပူးပေါင်းပြီး မျက်မမြင်များ၏ စာမေးပွဲဖြေဆို စာစစ်ခြင်းများနှင့် စံသင်ရိုးညွှန်းတမ်းများ ဖြစ်မြောက်ရန် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

 

အဆိုပါ အစည်းအဝေးသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ Japan Heart မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မျက်မမြင်အသင်း၊ Nagomi အနှိပ်ဆေးခန်း၊ မျက်မမြင်ကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

မောင်မင်းနိုင်