ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြားသည့် ၂၀၁၉ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား

၁   ဇန်နဝါရီ

 

တိုင်းရင်းသားပြည်သူ အပေါင်း တို့ ခင်ဗျား-

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး ၂၀၁၉ ခုနှစ်၊ နှစ်သစ်အခါသမယမှာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

နှစ်သစ်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး မျှော်လင် တောင့်တနေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တို့ကို အမြန်ဆုံးရရှိပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ အဘက်ဘက်က မြင့်မားတိုးတက်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

 

တိုင်းရင်းသား ပြည်သူများ အားလုံး နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။