ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော် ဇွန် ၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၉) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ် (29 th St. Petersburg International Econo-mic Forum- SPIEF 2026) သို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၇ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် လေကြောင်းခရီးဖြင့် စိန့်ပီတာစဘတ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာကြသည်။

 

ပို့ဆောင်နှုတ်ဆက်

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ဖေသက်နှင့် စိန့်ပီတာစဘတ်ပြည်ပဆက်ဆံရေးကော်မတီနှင့် ရော့စ်ကွန်ဂရက်စ်ရင်းနှီးမြှုပ်နှံမှု ငွေကြေးရန်ပုံငွေအဖွဲ့တို့မှ တာဝန်ရှိသူများက စိန့်ပီတာစဘတ်မြို့ရှိ ပူလ်ကာဘာအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ကြိုဆိုနှုတ်ဆက်

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဇွန် ၈ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်