ဂျပန်နိုင်ငံတွင် ပြင်းအား ၅ဒသမ ၃အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ဂျပန်နိုင်ငံအရှေ့ပိုင်း မိုင်စီရင်စု ကမ်းရိုးတန်းအလွန်တွင် ဒီဇင်ဘာ ၁ဝရက်က ပြင်းအား  ၅ဒသမ ၃အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် (ဝ၀း၂၂)နာရီအချိန်တွင် မြောက်လတ္တီကျု ၃၃ ဒသမ ၁ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၈ ဒီဂရီကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကြီးမားသော ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရရှိမှုများ မရှိကြောင်းနှင့်  ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်