ဟွာဝေး စီအီးအို၏ အာမခံရရှိရေး ကြားနာမှု ရွှေ့ဆိုင်း

ကနေဒါနိုင်ငံရှိ တရားရုံးတစ်ရုံးက တရုတ်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော ဟွာဝေး အမှုဆောင်တစ်ဦးအတွက်  ကြားနာမှုတစ်ခုကို အာမခံပေးခြင်းရှိ မရှိ မဆုံးဖြတ်ပဲ ရွေ့ဆိုင်းလိုက်သည်။

ဗန်ကူးဗားရှိ တရားရုံးတစ်ရုံးသည် ယမန်နေ့က ကြားနာမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဟာဝေးကုမ္ပဏီ ဘဏ္ဍာရေးအရာရှိ ချုပ်ဖြစ်သူ မန်ဝန်ကျို့လည်း အဆိုပါကြားနာမှုကို တက်ရောက်ခဲ့သည်။ 

နောက်တစ်ကြိမ်ကြားနာမှုကို ယနေ့ပြုလုပ်ရန် စီစဉ်ထားသည်။

လိမ်လည်မှုပြုလုပ်သည်ဟု စွပ်စွဲနေသော အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုမှုကြောင့် မန်အား ဒီဇင်ဘာ ၁ ရက်နေ့တွင် ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများကိုချိုးဖောက်ကာ အီရန်နိုင်ငံသို့ တယ်လီပစ္စည်းများ ရောင်းချခဲ့သည့် ကုမ္ပဏီတစ်ခုသို့ ဟွာဝေးကုမ္ပဏီ၏ ပတ်သက်မှုများနှင့် ပတ်သက်၍ အမေရိကန် ဘဏ္ဍာရေးအဖွဲ့အစည်းများကို မန်က လှည့်စားခဲ့ကြောင်း အမေရိကန် အာဏာပိုင်များက သံသယရှိနေသည်။

မန်ကို မူရင်းနိုင်ငံသို့ ပြန်မပို့မချင်း မလွှတ်ပေးသင့်ကြောင်း ကနေဒါ အစိုးရရှေ့နေများက ပြောကြားသည်။

မန်က ထွက်ပြေးမည်မဟုတ်ကြောင်း၊ ထိုလုပ်ရပ်က တရုတ်နိုင်ငံကို အရှက်ရစေကြောင်း၊ သူမ၏ခင်ပွန်းဖြစ်သူကို အာမခံသူအဖြစ် ဆောင်ရွက်ပေးပြီး အာမခံရလျင်ပင် ဗန်ကူးဗားရှိ ၎င်း၏နေအိမ်တွင် နေထိုင်မည်ဖြစ်ကြောင်း မန်၏ရှေ့နေ့က ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်