ဟော့ကိုင်းဒိုးတွင် ဆောင်းရာသီ၏ လက္ခဏာဖြစ်သော စိန်ဖုန်မှုန့်ဟုခေါ်သည့် ရေခဲများ တွေ့မြင်ရ

ဂျပန်နိုင်ငံ  မြောက်ပိုင်း  ဟော့ကိုင်းဒိုး စီရင်စုရှိ ရာသီဥတုမှာ ယနေ့ခိုက်ခိုက်တုန်အောင် ချမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ရီကူဘတ်ဆု  ကုန်းတွင်းပိုင်းမြို့တွင်  မနက်ခင်းပိုင်းက ၂၁ ဒသမ ၈ ဒီဂရီ ဆဲလ်စီးရပ်ရှိပြီး စိန်ဖုန်မှုန့် ဟုခေါ်သည့် ဆောင်းရာသီ လက္ခဏာတစ်ခုကို မြင်တွေ့ခဲ့ရကြောင်းနှင့် အပူချိန်  အနုတ် ၂၀ ဒီဂရီအောက် ရောက်ရှိနေသည်မှာ ၃ ရက်ဆက်တိုက် ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

အေးသော ရာသီဥတုတွင် လေထဲရှိ ရေခိုးရေငွေ့သည် အေးခဲလာပြီး စိန်ဖုန်မှုန့်များ ဖြစ်ပေါ်လာပြီး နောက်မနက်ခင်း နေရောင်ခြည်တွင် တလက်လက် တောက်ပနေသည်ဟု ဆိုသည်။

အဆိုပါ စီရင်စုရှိ အာဘာချီရီ  မြို့တော်မှ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ရီကူဘတ်ဆု မြို့သည် အအေးဓာတ်ရှိကြောင်းနှင့် နေရောင်ခြည်ထွက်သည့် အချိန်တွင် နွေးထွေးမှု ခံစားနေရသော်လည်း ညပိုင်း အပြင်မထွက်နိုင်သည်အထိ  အအေးဓာတ် လွန်ကဲကြောင်း ပြောကြားခဲ့သည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို