ကျောက်ထုတွင် ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံ (မြေပဲ) စိုက်ပျိုးနိုင်ရေး မျိုးစေ့များဖြန့်ဝေ

ကျောက်ထု  ၁၂  ဇန်နဝါရီ 

 

ဂန့်ဂေါမြို့နယ် ကျောက်ထုမြို့ဒေသတွင် ဆီထွက်သီးနှံ မြေပဲ(မကွေး- ၁၆) ကို ယခင်နှစ်က ဆောင်းသီးနှံအဖြစ် စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းသဖြင့် ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပဲ (မကွေး- ၁၆) မျိုးစေ့များကို စိုက်ပျိုးရေးဌာနက တောင်သူများထံ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်မြင့်ထံမှ သိရသည်။ 

 

ဒီသီးနှံက အထွက်နှုန်းလဲကောင်းတယ်၊ ကျောက်ထုဒေသရဲ့ ရေ မြေ ရာသီဥတုနဲ့လဲ ကိုက်ညီတယ်၊ စိုက်ပျိုးရေးဌာနက တစ်ဧက စိုက်ပျိုးသူအတွက် မြေပဲ အခွန်ပါ ၆ တင်းနှုန်း မျိုးမြေပဲအဖြစ် အခမဲ့ ဖြန့်ဝေပေး ပါတယ်ဟု ယခင်နှစ်က စမ်းသပ်စိုက်ပျိုးခဲ့သူ တောခလွန်ကျေးရွာနေ တောင်သူ ဦးတင်လှိုင်က ပြောသည်။ 

ယခုနှစ် စိုက်ပျိုးထွက်ရှိမည့် မြေပဲများကို နောင်နှစ် စိုက်ပျိုးရာသီတွင် မြေပဲစိုက်ပျိုးကြမည့် တောင်သူများအတွက် မျိုးမြေပဲအဖြစ် ဆက်လက်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် စိုက်ပျိုးရေးဌာန မှ မြေပဲမျိုးစေ့ တင်း ၆၀ ဖြန့်ဝေပေးကြောင်း မြို့နယ်ပြန်/ဆက်မှ
သိရသည်။ 

 

MDN