ကမ္ဘာ့လူဦးရေတစ်ဝက်လောက်ဟာ တစ်နေ့ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀ အောက်မှာ သုံးစွဲနေထိုင်ရ

၁၇ အောက်တိုဘာ

 

ဆင်းရဲမှုလျော့ချရေးတွေ လုပ်ဆောင်နေပေမယ့် ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးဟာတစ်နေ့ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀ အောက်မှာ သုံးစွဲနေထိုင်ရကြောင်း ဒါဟာဆိုရင် စီးပွားရေးတိုးတက်နေမှုကြားမှာ ဆင်းရဲမွဲတေမှုတွေ တိုးမြင့်လာတာပဲ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့(ဗုဒ္ဓဟူးနေ့)မှာ ပြောကြားလိုက်ပါတယ်။

 

တစ်နှစ်မှာ နှစ်ကြိမ်ထုတ်ပြန်တဲ့ အစီရင်ခံတစ်စောင်မှာ ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးဖို့ နှေးကွေးနေတဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေ အားလုံးကို ခြုံကြည့်တဲ့အခါမှာ တစ်နေ့ဝင်ငွေဟာ အမေရိကန် ၁ ဒသမ ၉၀ ထက် နည်းနေတာကို တွေ့ရတယ်။ အဲဒီလူတွေရဲ့ဘဝတွေက အင်မတန် ဆင်းရဲကြတာကိုတွေ့ရကြောင်း ရေးသားထားပါတယ်။ 

 

တိုးတက်မှုတွေ ရှိတယ်လို ဆိုပေမယ့် ကမ္ဘာ့ဘဏ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၃၀ မှာ ကမ္ဘာ့လူဦးရေရဲ့ ၃ ရာခိုင်နှုန်းထက်နည်းတဲ့ လူဦးရေသာ ဆင်းရဲမွဲတေမှု အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ရမယ်လို့ မျှော်မှန်းချက်ဟာ ပြည့်မီနိုင်မယ်လို့ မထင်ကြောင်း ဆိုပါတယ်။ 

 

၁၉၉၀-၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀ သုံးစွဲနိုင်တဲ့မိသားစု ၆၇ ရာခိုင်နှုန်းရှိခဲ့ပေမယ့် အခုတော့ ၄၆ ရာခိုင်နှုန်းကို ရောက်သွားခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် အလွန်အင်မတန် ဆင်းရဲမွဲတွေမှုဟာ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားတာကို တွေ့ရပါတယ်။

 

တရုတ်၊ အရှေ့အာရှနဲ့ ပစိဖိတ်နိုင်ငံများမှာ ဆင်းရဲမှုဟာ ၆၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းပဲ ရှိတော့တာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီဒေသတွေမှာ အခုလိုပုံစံနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆီ တက်လှမ်းသွားဖို့ဆို မဖြစ်နိုင်သလိုမျိုး ရှိနေတယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။ 

 

MDN

 

ကိုးကား- AFP