မြန်မာတစ်နိုင်ငံလုံး ရွှေအလေးချိန်ပမာဏတူညီစေရန် ၂၀၁၉ နှစ်ဆန်းမှစ၍ ပြုပြင်ပြောင်းလဲတွက်ချက်ရောင်းဝယ်မည်

မြန်မာနိုင်ငံအောက်ပိုင်းတိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးနှင့် မြန်မာတစ်နိုင်ငံလုံး ရွှေအလေးချိန် တူညီစေရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ရွှေဆိုင်များ၊ ရွှေသန့်စင်လုပ်ငန်းများ ၊ ရွှေတူးဖော်ရေး လုပ်ငန်းများ၊ ရွှေပန်းတိမ် များ၊ ရွှေအပေါင်ဆိုင်များ၊ ရွှေအပိုင်းအရောင်းအဝယ် လုပ်ငန်းရှင်များ၊ ရွှေဆိုင်းလုပ်ငန်းရှင်များအား ပြုပြင်ပြောင်းလဲတွက်ချက်ရောင်းဝယ်ကြရန် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသိပေးကြေညာထားခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် လက်ရှိအသုံးပြုချိန်တွယ်နေသော ရွှေအလေးချိန် ပမာဏတစ်ပဲလျှင် ၇ ရွေးခွဲ(၇ဒသမ၅ရွေး) အစား တစ်ပဲလျှင် ၈ ရွေးအချိန်သို့ ပြုပြင်ပြောင်းလဲအသုံးပြုရန်အတွက် (၉.၉.၂၀၁၈) ရက် ညှိနှိုင်းအစည်းအဝေးတွင် သဘောတူဆုံးဖြတ်ချက် ခဲ့ကြောင်း သိရသည်။        
                                                          
သီဟကိုကို(မန္တလေး)