နှစ်လယ် ကျောက်မျက်ရတနာပြပွဲတွင် မော်မောင်းမှော် ကျောက်စိမ်းတုံး ကြမ်းခင်းဈေး အမြင့်ဆုံးဖြစ်

mdn

နေပြည်တော် ၁၂ ဒီဇင်ဘာ

နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ယနေ့ နံနက်က ဖွင့်လှစ်ကျင်းပသော ၂၀၁၇ နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် တင်ပြရောင်းချထားသော ကျောက်မျက် အတွဲများနှင့် ကျောက်စိမ်း အတွဲများတွင် မော်မောင်းမှော်မှ ထွက်ရှိသော ကျောက်စိမ်းရိုင်းတုံးမှာ ကြမ်းခင်းဈေး အမြင့်ဆုံးဖြစ်သည်။

 

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပြပွဲကျင်းပရေး ဗဟိုကော်မတီဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ယူရိုငွေ ငါးသန်းရှစ်သိန်း တန်ဖိုးရှိ Iot No -6639 အလေးချိန် ၄၃ ကီလိုဂရမ်ရှိ ယင်းကျောက်စိမ်းရိုင်းတုံးအား ကြည့်ရှု စစ်ဆေးခဲ့သည်။ ယင်းကျောက်စိမ်းရိုင်းတုံးမှာ ဖားကန့်ဒေသ မော်မောင်းမှော်မှ ထွက်ရှိပြီး ငွေစည်ဟိန်း ကုမ္ပဏီမှ တင်ပြ ရောင်းချထားခြင်း ဖြစ်သည်။

ခွန်(ဝင်းပ)