ပက်စီနဲ့ ကိုကာကိုလာ ပူးပေါင်းပြီး ဆေးခြောက်အချိုရည်ထုတ်ဖို့ လုပ်ဆောင်မယ်

၃ အောက်တိုဘာ

 

ပက်စီအချိုရည်ကုမ္ပဏီဟာ ကိုကာကိုလာအချိုရည်ကုမ္ပဏီနဲ့ ပူပေါင်းပြီး ဆေးခြောက် အချိုရည်ထုတ်လုပ်ဖို့ စိတ်ဝင်စားနေကြောင်း အောက်တိုဘာ ၂ ရက်နေ့ က ပက်စီရဲ့ဘဏ္ဍာရေးဆိုင်ရာတာဝန်ရှိသူ ဟူးဂျွန်စတန်က CNBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

 

ဂျွန်စတန်က သူတို့ရဲ့ ပြင်ဆင်နေမှုတွေကို အကုန်ပြောတော့ မပြနိုင်သေးဘူး၊ အသေအချာ ပြင်ဆင်နေပါတယ်။ အမေရိကန်နိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာ ဆေးခြောက်ဟာ တရားဝင်ခွင့်ပြုပေမယ့် တချို့ပြည်နယ်ဥပဒေအရ တရားမဝင်ဖြစ်နေဆဲဆိုတာ နားလည်ကြောင်း၊ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ ဘက်ပေါင်းစုံကနေ ကုမ္ပဏီကြီးပွားအောင်မြင်ကို လုပ်ဆောင်နေကြောင်း ပြောဆိုပါတယ်။ 

 

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က ကိုကာကိုလာ ကုမ္ပဏီကနေ စိတ်ရောကိုယ်ပါ ကျန်းမာရေးကောင်းစေမယ့် ဖျော်ရည် (wellness beverages) တစ်မျိုးထုတ်လုပ်ဖို့ လေ့လာနေတယ်။ အဲဒီထဲမှာ ဆေးခြောက် ဒါမှမဟုတ် ဆေးခြောက်မှာပါတဲ့ စိတ်ကြွဆေးမဟုတ်တဲ့ ပါဝင်ပစ္စည်းတစ်ခု ပါရှိမယ့် ဖျော်ရည်အသစ် ထုတ်ဖို့ရှိတယ်လို့ ပြောခဲ့ပြီးနောက်မှာ ပက်စီဘက်က အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။ 

 

ကနေဒါနိုင်ငံက ဖျော်ရည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မိုစွန် ခို့စ်(Molson Coors) ကလည်း ဆေးခြောက်ကို အခြေပြုထားတဲ့ မူးယစ်ဆေးမဟုတ်တဲ့ ဖျော်ရည်ထုတ်လုပ်ဖို့ ဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြှပ်နှံထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

 

ကနေဒါနိုင်ငံမှာ ဆေးခြောက်ကို အောက်တိုဘာလ ၁၇ ရက်နေ့က တရားဝင်ဆေးအဖြစ် ပြောင်းလဲသတ်မှတ်ပြီး အနားယူတဲ့နေရာမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ 

 

MDN
ကိုးကား- AFP