မော်လမြိုင် ဇွန် ၈
ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းတွင် ရထားများ မြန်နှုန်း မြှင့်တင်ပြေးဆွဲနိုင်ရေး ကြီးကြပ်မှု ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း တက်ရောက် အမှာစကားပြောကြားသည်။
မှာကြား
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းတွင် ရထားများ မြန်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


