ပြင်ဦးလွင်မြို့ရှိ စပျစ်ခြံများတွင် ကိုယ်တိုင်ခူးဆွတ် ဝယ်ယူနိုင်မှုကြောင့် လာရောက်လေ့လာ အပန်းဖြေသူများ ပိုမိုများပြားလာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ စပျစ်ခြံများတွင် လှပစွာစိုက်ပျိုးထားသည့် စပျစ်သီးနှံများအား ကိုယ်တိုင်ခူးဆွတ် ---------
ဘားအံမြို့တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များသို့ရှင်းလင်း
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုဘိုင်းလ်ဟန်းဆက် (Mobile Handset) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း၊ ဝန်ဆောင်မှု ----------
ရန်ကုန်မြို့ရေပေးဝေမှု ခေတ္တပြတ်တောက်မည့် မြို့နယ်အချို့ရှိ ရပ်ကွက်နေပြည်များအတွက် ရေသယ်ယာဉ်ဖြင့်(အခမဲ့) ကူညီမည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့၏ ထုတ်ပြတ်ချက်အရ------
ဝက်လက်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးပင်များ ပျိုးထောင်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူအကျိုးဖြစ်ထွန်းရေး၊ လုပ်သားရှားပါးမှုပြဿနာ ကျော်လွှားနိုင်ရေး၊ စိုက်ပျိုးသောစပါးများ အထွက်နှုန်းတိုးမြှင့်ရရှိစေရေးတို့ကို ရည်ရွယ်ကာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးပျိုးပင်များ ပျိုးထောင်ခြင်းလုပ်ငန်းကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီက ဒွန်တဲကုန်းကျေးရွာ တောင်သူ ဦးအောင်မြင့်စံလယ်၌ ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)နှင့် သင်္ကန်းကျွန်းမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲကျင်းပ
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် သင်္ကန်းကျွန်းမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပရာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်္ကန်းကျွန်းမြို့နယ် (၃၈) ရပ်ကွက်မှ  ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ 
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။