စလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်၊ အိမ်ပြိုမိသားစုများနှင့်ဘုန်းတော်ကြီးကျောင်းအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း မေလ ၂၆ ရက်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုခြင်းနှင့် အမိုးလန်ခြင်းများဖြစ်၍ ပျက်စီးခဲ့သည့်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့
ဓနုဖြူမြို့တွင် အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ကြစေရန် လမ်းဘေးအမှိုက်ခြင်းများတပ်ဆင်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့တွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ကြစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယမန်နေ့ နံနက်ပိုင်းက လမ်းဘေးမီးတိုင်များတွင်အမှိုက်ခြင်း များ လိုက်လံတပ်ဆင်ပေးခဲ့ကြသည်။
ခါးပြတ်ကျိုးကျသွားသည့် လန်နရေတံခွန်တံတားကြီး ပြန်လည်တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က သခင်စစ်ကုမ္ပဏီမှ သံကျောက်တင် မော်တော်ယာဉ် မောင်းနှင်မှုကြောင့် ခါးဖြတ်ကျိုးကျသွားသည့် လန်နရေတံခွန်တံတားကြီး ယခုအခါ တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အဆိုပါ တံတားကြီးဖွင့်လှစ်ခြင်းအခမ်းအနားကို မေ၂၈ ရက် နံနက် ၁၀နာရီခွဲက တံတားထိပ်တွင် ကျင်းပပြုလုပ်ရာ ဆဒုံးမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁) ဦးမျိုးမြင့်နိုင်၊ ထိန်းချုံး-မြစ်ကြီးနားလမ်းအပိုင်း လုပ်ငန်းတာဝန်ခံ မစ္စတာယိန်းခေါဟိန်နှင့် လမ်းစစ်ဆေးရေးပညာရှင် မစ္စတာ လီကွန်မင်တို့သုံးဦးက တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း မြန်မာနိုင်ငံတွင် ပထမဆုံးစတင်ထုတ်လုပ်သော SC NEUSTAR ဘတ်စ်ကားသစ်မိတ်ဆက်ပွဲနှင့် SC Auto စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုန်ရှိ
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) ဆိုင်ရာ မြန်မာနိုင်ငံအစီရင်ခံစာ ပြုစုရေးလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) ဆိုင်ရာ မြန်မာနိုင်ငံ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၌ ကျင်းပသည်။