ရှင်မတောင် သစ်တောကြိုးဝိုင်းအတွင်း သဘာဝမြေသားကန်များ ရေခန်းခြောက်လာသဖြင့် တိရိစ္ဆာန်များအတွက် ရေသွားရောက်ဖြည့်

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်သစ်တောကြိုးဝိုင်းအတွင်း တိရစ္ဆာန်များသောက်သုံးနေသည့် သဘာဝမြေသားရေကန်များ၌ ရေခန်းခြောက်လာသဖြင့် ရေစကြိုမြို့နယ် ရှင်မတောင်ဒေသ ရွှေသမင်နှင့် တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းရေးအဖွဲ့နှင့်  ကံပွင့်မိသားစု ရေအလှူတော်အဖွဲ့တို့ ပူးပေါင်းကာ သစ်တောကြိုးဝိုင်းအတွင်းရှိ  ကျောက်ရေကန်ကြီးများအတွင်းသို့ ရေသွားရောက် ဖြည့်ခဲ့ကြကြောင်း သိရ
မြစ်သားမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်းအမှိုက်ကောက်
ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်း မန္တလေး-ရန်ကုန် ကားလမ်းဟောင်း၏ လမ်းခွကျေးရွာအနီး မိုင်တိုင်အမှတ် ၃၈၅/၅ မှ မိုင်တိုင်အမှတ် ၃၈၄/၇ အထိ လမ်းပိုင်းတစ်လျှောက် ဘေးဝဲယာတွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ အသိပညာပေးခြင်း၊ လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်းအနေဖြင့် အမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။     
ရေနံချောင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အချို့ပျက်စီးမှုများဖြစ်ပွား
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် မေ ၂၈ ရက် ည ၇ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၁၈ လုံး အမိုးလန်ခြင်းနှင့် ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ
 စလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်၊ အိမ်ပြိုမိသားစုများနှင့်ဘုန်းတော်ကြီးကျောင်းအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း မေလ ၂၆ ရက်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုခြင်းနှင့် အမိုးလန်ခြင်းများဖြစ်၍ ပျက်စီးခဲ့သည့်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့
ဓနုဖြူမြို့တွင် အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ကြစေရန် လမ်းဘေးအမှိုက်ခြင်းများတပ်ဆင်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့တွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ကြစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ယမန်နေ့ နံနက်ပိုင်းက လမ်းဘေးမီးတိုင်များတွင်အမှိုက်ခြင်း များ လိုက်လံတပ်ဆင်ပေးခဲ့ကြသည်။
ခါးပြတ်ကျိုးကျသွားသည့် လန်နရေတံခွန်တံတားကြီး ပြန်လည်တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က သခင်စစ်ကုမ္ပဏီမှ သံကျောက်တင် မော်တော်ယာဉ် မောင်းနှင်မှုကြောင့် ခါးဖြတ်ကျိုးကျသွားသည့် လန်နရေတံခွန်တံတားကြီး ယခုအခါ တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် အဆိုပါ တံတားကြီးဖွင့်လှစ်ခြင်းအခမ်းအနားကို မေ၂၈ ရက် နံနက် ၁၀နာရီခွဲက တံတားထိပ်တွင် ကျင်းပပြုလုပ်ရာ ဆဒုံးမြို့ လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၁) ဦးမျိုးမြင့်နိုင်၊ ထိန်းချုံး-မြစ်ကြီးနားလမ်းအပိုင်း လုပ်ငန်းတာဝန်ခံ မစ္စတာယိန်းခေါဟိန်နှင့် လမ်းစစ်ဆေးရေးပညာရှင် မစ္စတာ လီကွန်မင်တို့သုံးဦးက တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။