သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာ ပဲတီစိမ်း စိုက်ခင်းများသို့ ဥကပ်ပါး နဂျီကတ်များ သွားရောက်ချိတ်ဆွဲပေး
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာနေ တောင်သူ ဒေါ် မြင့်မြင့်သိန်း၏ ပဲတီစိမ်းစိုက်ခင်းဧက ၂၀ ရှိ ပဲပင်များ၌ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီတွင် ဥကပ်ပါးနဂျီကတ် ၈၀၀ သွားရောက် ချိတ်ဆွဲပေးခဲ့ကြောင်း သိရှိရသည်။