တရုတ်နိုင်ငံတွင် ရာသီဥတုအေးလွန်းပြီး ဆီးနှင်းများ ကျဆင်းသဖြင့် ယာဉ်တိုက်မှုများဖြစ်ပွားကာ သေဆုံးမှုများ ဖြစ်ပေါ်နေ

တရုတ်နိုင်ငံရှိ ပြည်သူများသည်  မကြုံစဖူး အအေးဓာတ်များ ရင်ဆိုင်ခံစားနေရကြောင်း၊ လမ်းမပေါ်တွင် မိုးဆီးနှင်းများ ကျခြင်းသည်  ယာဉ်အန္တရာယ်  ဖြစ်ပေါ်စေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ရာသီဥတုကြောင့် ဟူနန်ပြည်နယ်တွင်  ယာဉ်မတော်တဆမှု ၂၃ ကြိမ် ဖြစ်ပွားခဲ့ရာ  လူ ၈ ဦးသေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့်  ရှာအမ်ချီ ပြည်နယ်ရှိ ချာအို တွင် နောက်ထပ် ယာဉ်မတော်တဆမှု ၂၁ ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မိုးလေဝသဌာနရှိ တာဝန်ရှိသူများက အင်္ဂါနေ့အထိ ဆက်လက်ပြီး အအေးလွန်ကဲမည်ဖြစ်ကြောင်း ပြည်သူများကို  သတိပေးချက်များထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို