ဩဂုတ် ၅

ဂျပန်နိုင်ငံတစ်ဝန်း စူပါမားကတ်များတွင် ရောင်းချသော ဆန်၏ပျမ်းမျှလက်လီဈေးနှုန်းသည် ဇူလိုင် ၂၇ ရက် ကုန်ဆုံးသည့်သီတင်းပတ်အတွင်း ငါးကီလိုဂရမ်လျှင် ၃၆၂၅ ယန်း (အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၆ ခန့်) အထိ မြင့်တက်ခဲ့ရာ  သီတင်းပတ် ၁၀ ပတ်အတွင်း ပထမဆုံးအကြိမ်မြင့်တက်ခြင်းဖြစ်ကြောင်း တရားဝင် အချက်အလက်များ ဖော်ပြထားသည်။

ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်အထိ သီတင်းပတ်အတွင်းဆန်ဈေးနှုန်းသည် လွန်ခဲ့သောသီတင်းပတ်က ဆန်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယန်း ၄၀ မြင့်တက်လာသည်ဟု စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ဖော်ပြသောအချက်အလက်များအရ သိရသည်။

အရန်ဆန်များအပါအဝင်မျိုးကွဲဆန်များသည် ငါးကီလိုဂရမ်လျှင် ပျမ်းမျှဈေးနှုန်း ၃၁၃၃ ယန်းရှိရာ ယခင်သီတင်းပတ်ကထက်  ဆန်ဈေးနှုန်း ၄၅ ယန်း ပိုမိုမြင့်တက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းရှိ စူပါမားကတ်ပေါင်း ၁၀၀၀ နီးပါးမှ အပတ်စဉ် ဆန်ဈေးနှုန်းအချက်အလက်များကို စောင့်ကြည့်ပြီး ဖော်ပြခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို