သတင်းဆောင်းပါး - မောင်ခင်မင်(ဓနုဖြူ)
“တက္ကသိုလ်က ဘာသာရပ်နာမည်တွေကို အင်္ဂလိပ်ကနေပြီး မြန်မာဘာသာပြန်တဲ့အခါ ပါဠိ ဝေါဟာရတွေနဲ့ပြန်တာကို ဆရာကြီး ဦးဖေမောင် တင်တို့ စခဲ့တာပဲ။ နောက်ပိုင်းမှာလဲဒီအစဉ်အလာ အတိုင်း တော်တော်များများ ကျင့်သုံးတာပေါ့”
“ကျွန်တော့်မိတ်ဆွေတစ်ယောက်က သတ္တ ဗေဒမှာ ငါးကို အထူးပြုလေ့လာ ပါတယ်။ သူ့ဘာသာရပ်ကို မစ္ဆဗေဒလို့ ခေါ်ကြောင်း ပြောပါ တယ်ဆရာ”
“ဟုတ်တယ်။ အရင်းခံဘာသာရပ်တွေ-ရူပ ဗေဒတို့၊ ဓာတုဗေဒတို့ကတော့ စောစောကတည်း က ခေါ်ခဲ့တာပေါ့။ အခေါ်အဝေါ်ပြောင်းတာ တွေလဲရှိတယ်။ အခုဇီဝဗေဒလို့ခေါ်ကြတဲ့ biology ကို တစ်ခါက ပါဏဗေဒလို့ ခေါ်ခဲ့ကြသေးတယ်။ အဲဒီလိုပဲ အခုသတ္တဗေဒကို အရင်က တိရစ္ဆာန် ဗေဒလို့လဲခေါ်တယ်”
“ဟုတ်ကဲ့ပါ”
"Philosophy ဘာသာရပ်ကို ဆရာတို့ ကျောင်းသားဘဝတုန်းက သဘာဝတ္ထဗေဒလို့ ခေါ် တယ်။ နောက်ပိုင်းမှာ ဒဿနိကဗေဒလို့ ပြောင်း တယ်။ဒဿနဗေဒလို့ခေါ်တာ ပိုသင့်လျော်တယ်လို့ ပြောကြတယ်။ ဒီလိုပဲ Logic ကို အရင်က တက္ကဗေဒလို့ခေါ်ပြီး အခုယုတ္တိဗေဒလို့ ခေါ်တယ်"
“ဆရာ စိတ်ပညာကို အရင်က စိတ္တဗေဒလို့ ခေါ်တယ်လို့ ကြားဖူးပါတယ်”
“ဟုတ်တယ်။ စိတ်ပညာဆိုတဲ့အသုံးကတော့ ပိုပြီး နားလည်လွယ်တာပေါ့။ ပြောရင်တော့ အများကြီးပါပဲ။ သတ္တဗေဒမှာ ငှက်ကိုအထူးပြုတဲ့ ဘာသာရပ်ကို သကုဏဗေဒတဲ့၊ပိုးမွှားကိုအထူးပြု တဲ့ဘာသာရပ်ကိုတော့ ကိမိလဗေဒတဲ့”
“ဆရာ၊ ဆေးပညာမှာလဲ ခန္ဓာဗေဒတို့၊ ဇီဝ ကမ္မဗေဒတို့ရှိတယ်နော်”
“စိတ်ဝင်စားစရာကောင်းပါတယ်။ ဆက်လေ့လာကြည့်ပေါ့ကွယ်။ မြန်မာစကားလုံးထက် အဓိပ္ပာယ်တူပါဠိ စကားလုံးက ပိုပြီးခံ့ခံ့ညားညား ရှိတယ်လို့ ထင်တတ်ကြတာတော့ အမှန်ပဲ။ မြန်မာ စာပေပညာရှင်ဆရာကြီး ဦးတင်ကြီးက ပြောဖူး တယ်။ 'ဝေါဟာရ' ဆိုတဲ့ ပါဠိစကားဟာ 'စကားလုံး' လို့ အဓိပ္ပာယ်ရပါတယ်တဲ့။ ဒါပေမဲ့ လူတွေက 'ဒီစကားလုံးက'လို့ ပြောရတာထက် 'ဒီဝေါဟာရက' လို့ ပြောရတာ ပိုပြီးခံ့ညားတယ်လို့ ထင်တတ် ကြတယ်တဲ့”
“ကျွန်တော်တို့အဘွားက ကျွန်တော်တို့အဖေ အကြောင်းပြောရင် “ကျွန်မရဲ့ ဧကပုတ္တတစ်ဦးတည်းသော သားကလေး' လို့ ပြောတတ်တာ ကျွန်တော်ငယ်ငယ်က ကြားဖူးပါတယ်ဆရာ"
“ဟုတ်တယ်။ အဲဒီလိုပြောလေ့ရှိကြတယ်။ ပြီးတော့ သူ့ကိစ္စတွေကို ကေဝလကပ္ပံ အလုံးစုံ လုပ်ပေးရ တယ်ဆိုတာမျိုးလဲ အရင်ကပြောတတ် ကြတယ်"
“ဟုတ်ကဲ့ပါ”
“နာမည်မှည့်ရာမှာလဲ ပါဠိစကားလုံးတွေနဲ့ မှည့်တဲ့အစဉ်အလာဟာ အထူးသဖြင့် အမျိုးသမီး နာမည်တွေမှာ တော်တော်လွှမ်းမိုးတာပဲ။ များ သောအားဖြင့်တော့ အသုံးများပြီးခေါ်လို့ကောင်းတဲ့ ပါဠိစကားလုံးတွေနဲ့ နာမည်မှည့်ကြတာကိုး။ စကားလုံးက အသံတော့သာပေမဲ့ အဓိပ္ပာယ်က ဆီလျော်တာလဲရှိရဲ့၊ မဆီလျော်တာလဲရှိရဲ့”
“ဘယ်လို မဆီလျော်တာလဲဆရာ"
“နမူနာပြောရရင် ဥမ္မာတို့၊ သဠာတို့လိုနာမည် တွေပေါ့”
“သြော် ဟုတ်ကဲ့”
“ဥမ္မာဆိုရင် 'ဥမ္မာ”လို့ပဲ မှည့်တာရှိသလို ခင်ဥမ္မာ၊ စန်းဥမ္မာ၊ ဥမ္မာခင်၊ ဥမ္မာမြင့် စသည်ဖြင့် | အမျိုးမျိုးကွဲပြီး မှည့်ကြတယ်မဟုတ်လား”
“ဥမ္မာဆိုတာ ဥမ္မာဒန္တီဆိုတဲ့နာမည်ကို ယူတာ မဟုတ်လားဆရာ”
“အေး- ဟုတ်ပါတယ်။ ဥမ္မာဒန္တီဆိုတာ မိန်းမ ချောကလေးနာမည်ပေါ့။ ဥမ္မာဆိုတဲ့ စကားလုံး ကလေးဟာ အသံလဲ သာတယ်လေ။ ဒီတော့ နာမည်မှည့်ချင်စရာကောင်းတာပေါ့”
“ဟုတ်ကဲ့ပါ"
“မင်းသိမှာပါ။ “ဥမ္မာဒန္တီ' ဆိုတာ မြင်တဲ့သူ တွေကို ရူးစေနိုင်တဲ့သူလို့ အဓိပ္ပာယ်ရတယ်လေ။ ချောလွန်းလှလွန်းလို့ မြင်ရတဲ့ယောက်ျားတွေ စိတ်မထိန်းနိုင်ဘဲ ရူးသွားရတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ စကားလုံးအပ္ပာယ်ကို ကြည့်ရင်တော့ “ဥမ္မာဒ' ဆိုတာ ရူးသွပ်ခြင်းတဲ့၊ “ဥမ္မတ္တ' ဆိုတာ “ရူးသွပ်သည်၊ သူရူး” တဲ့ ။ ဥမ္မတ္တက ဆိုတာ ' ရူးသော'တဲ့။ ဒီတော့ အဓိပ္ပာယ်အနေနဲ့တော့ “ဥမ္မာ'ဆိုတာ အရူးလို့ အဓိပ္ပာယ်ရနေတာလေ။ ဘယ်သင့်လျော်ပါ့မလဲ”
“နားလည်ပါပြီဆရာ။ သမ္မာကရာဆရာ"
“သာကတော့ 'သာလီ'ဆိုတဲ့စကားမှာပါတဲ့ သဉ္စာပါ။ ကဗျာတွေ၊ သီချင်းတွေမှာ “ဆောင်ခန်း သာ' တို့၊ 'ရွှေသဉ္စာ” တို့ ရှိတယ်လေ။ သဉ္စာလီဆို တာ ထိုင်စရာညောင်စောင်းတစ်မျိုးပေါ့။ ကုလား ထိုင် ဆိုပါတော့ကွယ်။ အဘိဓာန်မှာတော့ 'သေယျ" နဲ့ 'ဇာလီ'နဲ့ ပါဠိစကားနှစ်လုံးပေါင်းပြီး “သာလီ' ဖြစ်တယ်လို့ပြတယ်။ သဉ္စာဆိုတဲ့ အသံကလေး ကလဲချိုသာတာပဲ။ ဒါကြောင့် မိန်းကလေးတွေ နာမည် မှည့်တဲ့အခါ “လှသဉ္စာ” တို့၊ “သာမျိုး' တို့ ဆိုတဲ့ နာမည်တွေ မှည့်တတ်ကြတယ်။ အဓိပ္ပာယ် ကတော့ ညောင်စောင်းကြီးဖြစ်နေတယ်လေ"
“ဆရာပြောပြမှပ် မြန်မာစကားထဲမှာ ပါဠိ စကားလုံးတွေဘယ်လောက် တွင်ကျယ်နေတယ် ဆိုတာ ပိုပိုပြီးမြင်လာပါတယ် ဆရာ”
“တကယ်တော့ မြန်မာစကားထဲမှာ ဝင်နေတဲ့ ပါဠိစကားတွေကိုလဲ မြန်မာစကားတွေလိုပဲ ထင် နေကြပါပြီ။ လေ့လာတဲ့သူတွေက ခွဲခြားသိပေမဲ့ သာမန်ပြောဆိုသုံးနှုန်းနေတဲ့ မြန်မာတွေကတော့ အားလုံးမြန်မာ စကားတွေလို့ပဲ နားလည်ပြီး သုံးနေကြတာပါ။ ပြီးတော့ အဓိပ္ပာယ်တူတဲ့ ပါဠိ စကားနဲ့ မြန်မာစကားတွဲသုံးတဲ့ အသုံးအနှုန်း တွေလဲ တော်တော်တွင်ကျယ်နေပြီလေ"
“ချမ်းသာသုခလို အသုံးတွေပေါ့နော်ဆရာ"
“ဟုတ်တယ်။ ဆင်းရဲဒုက္ခ၊ အလှူဒါန၊ အကျင့် သီလ၊ တရားဓမ္မစတဲ့ အသုံးတွေပေါ့။ တစ်လုံး တည်းသုံးတာထက် နှစ်လုံးတွဲသုံးတာက ပိုပြီး ခံ့ညးတယ်၊ လေးနက်တယ်လို့ ခံယူထားကြတာ လေ”
“ဟုတ်ကဲ့ပါ"
“ပြီးတော့ မြန်မာစကားထဲရောက်နေတဲ့ ပါဠိ စကားလုံးကို မူတည်ပြီး စကားလုံးသစ်တွေ အမျိုးမျိုးများလာတာလဲ အများကြီးပေါ့။ သိသာတဲ့ သာဓကတွေပြောရရင် 'စက်' နဲ့ 'ဓာတ်' ဆိုပါတော့။ “စက်'က 'စက္က' ဆိုတဲ့ပါဠိကဆင်းသက်တာ။ 'ဓာတ်' က 'ဓာတု' ဆိုတဲ့ ပါဠိက ဆင်းသက်တာ မဟုတ်လား။ အဲဒီစကားလုံးနှစ်လုံးဟာ ရှေး ကတည်းက အသုံးတွင်ကျယ်ပြီး စကားလုံးတွေ အများကြီးပြောနေပြီလေ” “ဟုတ်ပါတယ် ဆရာ”
'စက်’ ဆိုရင် အလုပ်စွမ်းရည် တစ်ခုခုဖန်တီးနိုင်တဲ့ ပစ္စည်းကိရိယာဆိုတဲ့ အဓိပ္ပာယ်နဲ့ သုံးနေတာတွေအများကြီးပဲ"
“စက်တိုင်၊ စက်နာရီ၊ စက်ပစ်ကွင်း၊ စက်ဘီး စက်လှေ၊ စက်လှေကား၊ စက်သီး၊ စက်သေနတ် စသည်ဖြင့်ပေါ့”
“ဟုတ်ကဲ့ပါ”
“ဓာတ်ဆိုရင်လဲ အရင်းခံသဘော၊ မြေထွက် သတ္တုဆိုတဲ့ အဓိပ္ပာယ်တွေနဲ့သုံးတာတွေ။ 'ဓာတ် ကြိုး၊ ဓာတ်ခဲ၊ ဓာတ်ခွဲခန်း၊ ဓာတ်ငွေ့၊ ဓာတ်စက်၊ ဓာတ်ဆီ၊ ဓာတ်တိုင်း ဓာတ်ပုံ၊ ဓာတ်ပြား၊ ဓာတ်ဘူး၊ ဓာတ်မီး၊ ဓာတ်ရထား၊ ဓာတ်လှေကား၊ ဓာတ်အား" ဆိုတာတွေပေါ့။ တခြားစကားလုံးတွေလဲ အများကြီးပါ။ လေ့လာကြည့်ရင် သိနိုင်ပါတယ်"
“လေ့လာကြည့်ပါမယ် ဆရာ”
“ပါဠိဘာသာစကားရဲ့ ဩဇာအကြောင်း ဒီတစ်ပတ်အဆုံးသတ်ရအောင်၊ နောက်တစ်ပတ် မှာ ပါဠိစာပေရဲ့ ဩဇာအကြောင်း ပြောကြတာပေါ့။ အဲ-အဆုံးမသတ်ခင် ပါဠိစကားလုံးတွေကို မြန်မာ စကားလုံးတွေနဲ့ တစ်သားတည်းသုံးထားတဲ့ အသုံး ကလေးတစ်ခုသတိရလို့ ပြောအုံးမယ်"
“ပြောပြပါဆရာ”
“ကျိုက်လတ်ဦးပြုံးချိုဆိုတဲ့ ဂီတပညာရှင် ကြီးရေးဖွဲ့တဲ့ ယိုးဒယားသီချင်းတစ်ပုဒ်ရှိတယ်။ “ဇေယျတုသဗ္ဗမင်္ဂလံ”အစချီတယ်။ အင်မတန် ကျက်သရေမင်္ဂလာရှိတဲ့ သီချင်းပေါ့။ အဲဒီသီချင်းမှာ ဆရာကြီးက ပါဠိစကားလုံးတွေကို မြန်မာ စကားလုံးတွေနဲ့ နဘေထပ်ပြီး ဖွဲ့ထားတာ သိပ်လှတာပဲ”
“ဟုတ်ကဲ့"
“ဖွဲ့ပုံက “စိတ်မှာကြံသမျှ ဣဋ္ဌာရမ္မဏ ဘောဂ သမ္ဗနံ'တဲ့ စိတ်ထဲမှာကြံစည်တဲ့အတိုင်း ကောင်းတဲ့ အာရုံတွေ၊ ပစ္စည်းဥစ္စာတွေနဲ့ ပြည့်စုံပါစေလို့ ဆိုလို တာလေ။ အဲဒီမှာ “စိတ်မှာကြံသမျှ” ဆိုတဲ့ မြန်မာ စကားနဲ့ “ဣဋ္ဌာရမ္မဏ ́ ဆိုတဲ့ ပါဠိစကားကို လှလှ ပပနဘေထပ်ပြီး ရေးဖွဲ့ထားပုံကလေးကို ပြောချင် တာပါကွယ်။ ။


