မန္တလေး၊ ၁၆ ဒီဇင်ဘာ
မန္တလေးမြို့တွင် တရားမဝင် သားသတ်လုပ်ငန်း လုပ်ကိုင်နေသူများကို ယနေ့နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
စျေးနှင့်သားသတ်ဌာန ဌာနမှူး၏ ညွှန်ကြားချက်အရ သားသတ်ဌာနခွဲမှ ဌာနခွဲမှုး ဦးစီး ၍ လိုင်စင်မဲ့ အသားဖမ်းဆီးရေးအဖွဲ့နှင့် စည်ပင်သာယာရဲတပ်ဖွဲ့တို့ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၂ နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်၊ အကွက်(၈၆၇) ရှိနေအိမ်အတွင်းမှ တရားမဝင် လိုင်စင်မဲ့ သားသတ်သူများအား ဖမ်းဆီရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်အတွင်းမှ တရားမဝင် လိုင်စင်မဲ့ အမဲအသား(၁၀၄.၀၄)ပိဿာ၊ ကလီစာ (၂၁.၉၇)ပိဿာ၊ ဝမ်းတွင်းသား(၄)ပိဿာ၊ အရိုး ပိဿာ (၂၀) စုစုပေါင်း ပိဿာ (၁၅၀) ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
တရားမဝင် သားသတ်လုပ်ငန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနက စဉ်ဆက်မပြတ် ဖော်ထုတ်ဖမ်းဆီး အရေးယူလျက်ရှိကြောင်းသိ ရသည်။
မေသက်ထား


