နေပြည်တော် ၂၇ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/ အဖြေအစီအစဉ် (၁၄) ပတ်မြောက် အစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက်နေခြင်းဖြစ်သည်။
အစီအစဉ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုသည့် အချက်များ၊ မေးခွန်းများကို တီဗွီမှန်သားပြင်မှတစ်ဆင့် ပြန်လည်ဖြေကြားပေးမည် ဖြစ်သည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Facebook စာမျက်နှာ၌
- ယင်းပိုစ့်အောက်တွင် comment အနေဖြင့်လည်းကောင်း၊
- covid19qa@mohs.gov.mm အီးမေး(လ်)လိပ်စာသို့လည်းကောင်း ပေးပို့မေးမြန်းနိုင်ကြောင်း သိရသည်။
ထိုသို့မေးခွန်းများပေးပို့ရာတွင် မေးခွန်းများကိုဖြေကြားမည့်နေ့မတိုင်မီ အနည်းဆုံး (၁) ရက် ကြိုတင်၍ နေ့လယ်(၁) နာရီ နောက်ဆုံးထားကာ ပေးပို့စေလိုကြောင်း ပါရှိသည်။
အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့တွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန Facebook စာမျက်နှာနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တို့မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
Online မှ တစ်ဆင့်လည်း ပြည်ထောင်စုဝန်ကြီးရုံးခန်း၊ ဆေးသုတေသနဦးစီးဌာန 2019 call center၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန eHealth Unit နှင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲတို့က ပညာရှင်များတို့က National Covid-19 Call Centre "2019"-Myanmarနှင့် Health Literacy Promotion Unit Facebook စာမျက်နှာ များမှတစ်ဆင့် ဝင်ရောက်ဖြေကြားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


