စိန်မောင်တင်
ယမန်နေ့မှအဆက်
တိုင်းရင်းသားလူမျိုးများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ - ရန်ကုန်က နှစ်စဉ် ဦးစီး ဆောင်ရွက်သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ တွေ့ဆုံပွဲကို အပန်းဖြေရိပ်အောက်ရှိ ဘတ်စကက်၊ဘော်လီဘော၊ကြက်ကောင်းအကကွင်း၌ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီသီသီးမှဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပါဝင်လျက် ကျင်းပခဲ့သည်။ ထိုသို့ ကျင် ရာတွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ၍ တက်ရောက်လာသူများ အချင်းချင်း လက်ဆောင်ပစ္စည်းများ လဲလှယ်မှုပြုလုပ် သည်။ ထို့ပြင်တိုင်းရင်းသား ကျောင်းသားကျောင်းသူများအား ပေါင်းစည်းလျက် အဖွဲ့များဖွဲ့၍ ပျော်ရွှင်စရာကစားနည်း ပေါင်းစုံဖြင့် ကစားကြပါသည်။ ထိုသို့ကျင် ခြင်းဖြင့် တိုင်းရင်းသားလူမျိုး ကျောင်းသား ကျောင်းသူ လူငယ်များအချင်းချင်း ပိုမိုလည်၍ ရင်းနှီးချစ်ခင်သွားကြသည်။ တစ်နည်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အတိုင်းအတာတစ်ရပ်အထိ အထောက်အကူပြုသည်မှာ မြေကြီးလက်ဆော်မလွဲပေ။ သို့ဖြစ်၍ ဆရာကြီး ဦးတင် (ရှမ်းပြည်)က ရန်ကုန်တက္ကသိုလ်နယ်မြေကို ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုကလေး” ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုင်းရင်းသားလူမျိုးများ စာပေ နှင့် ယဉ်ကျေးမှုဗဟိုကော်မတီ (တက္ကသိုလ်များ - ရန်ကုန်) သည် ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီ လ ၁၁ ရက်နေ့တွင် ကော်မတီကြီး၏ နှစ်(၂၀) ပြည့် အထိမ်းအမှတ် ညစာထမင်း စာပွဲနှင့်ပသာကပွဲကို ပညာရေးတက္ကသိုလ်၊ အတွင်းမြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ ထိုသို့ကျင်းပနိုင်ရေးအတွက် ထိုစဉ်ကပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဦးသောင်းထွဋ် (ကွယ်လွန်) နေဝင်တွင် ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဋ္ဌန)သည် အဘက်ဘက်မှ ကူညီပေးခဲ့သည်ကို မှတ်တမ်း တင်ရမည်ဖြစ်ပါသည်။
အဆိုပါကော်မတီကြီးသည် ၁၉၈၈ ခုနှစ်တွင် ခေတ္တရပ်ဆိုင်းသွားသော်လည်း ၁၉၃ ခုနှစ် နှစ်ဦးပိုင်း၌ မြန်ည်ဖွဲ့စည်းလှုပ်ရှားဆောင်ရွက်နိုင်ခဲ့ပါသည်။ ၁၉၉၅ ခုနှစ် ဒီဇင် ဘာ ၁ ရက်မှ ၇ ရက်အထိ ကျင်းသော ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်ပွဲတော်၌ အဆိုပါကော်မတီကြီးသည် တက္ကသိုလ်စာအုပ်ဆိုင်ရှေ့၌ ကျင်းပသော ပသဘာပွဲတွင် သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများ စာပေနှင့် ယဉ်ကျေးမှုကော်မတီအလိုက် တက်ကြွ ပျော်ရွှင်ကြည်နူးစွာ ပါဝင်တင်ဆက် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။ စိန်ရတုခန်းမ အဆောက်အဦ၏ ပတ်လမ်းတစ်လျှက်အခြားသော တက္ကသိုလ်၊ ကောလိပ်အသင်း အဖွဲ့များနည်းတူ ကော်မတီအလိုက်သက် အသီးအနှံများ၊ ထုတ်ကုန်များ၊ ရိုးရဆတ်အထည်များ သုံးဆောင်၊ ရိုးရာအစားအစာများကို ပါင်ရောင်းချဆင်နွှဲ ခဲ့ကြသည်။
အဆိုပါ တိုင်းရင်းသားလူမျိုးများ စာပေ နှင့် ယဉ်ကျေးမှုဗဟိုကော်မတီ (တက္ကသိုလ် - ရန်ကုန်)သည် တစ်ခုသော ပြည်ထောင်စုနေ့ ပဒေသာကပွဲကျင်းပရာ၌ အဖွင့်သီချင်းအဖြစ် အဆိုတော်ကြီး ဒေါ်မာမာအေး၏ “ပြည်ထောင်စုသား” သီချင်းနှင့် အပိတ် သီချင်းအဖြစ် အဆိုတော် ရုပ်ရှင်မင်းသားကြီး ဦးမြတ်လေ၏ “ပန်းတိုင်အပွင့်ပါစေ" သီချင်းများကို သက်တော်ရာတိုင်းရင်းသား ကျောင်းသားကျောင်းသူ လူမျိုးအလိုက်အမျိုးသားတင်ဦး၊ အမျိုးသမီးတစ်ဦးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရသည်။ ထိုသို့တင်ဆက်နိုင်ရန် ဦးမြသန်း (ကွယ်လွန်)ဒုတိယညွှန်ကြရေးမှူး (အငြိမ်းစား၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်၊ ရန်ကုန်တက္ကသိုလ်၊ သင်္ချာဌာန၊ ပါမောက္ခဆရာကြီး ဦးအောင်လှ (ကွယ်လွန်) နှင့် ရုပ်ရှင်မင်းသမီးကြီး ဆမ်မေသန်း (ဒေါ်မေသန်း) (ကွယ်လွန်)တို့၏ သားကြီးဖြစ်သူက စန္ဒရားဖြင့် အချိန်တစ်လခန့် ညစဉ်ညတိုင်း အဆိုပါ သီချင်းသီဆိုမည့် တိုင်းရင်းသားကျောင်းသားကျောင်းသူများကို သီချင်းတိုက်ပေးခဲ့ရသည်မှာ ဘဝတာရီလမ်းတွင် အဆိုပါ ကျောင်းသား ကျောင်းသူများနှင့် အတူ အဖော်ဖြစ်စေခဲ့ပါသည်။ သို့ရာတွင်တိုင်းရင်းသားလူမျိုးများ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ(တက္ကသိုလ်များ ရန်ကုန်သည် ၁၉၉၇ခုနှစ်နှောင်းပိုင်းကာလ၌ အကြောင်း ကြောင်ကြောင့် ရပ်သွား ခဲ့ရပေသည်။
အဆိုပါ ကော်မတီကြီး၏ က္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
၁။ ဦးတင်ဧ (ရှမ်းပြည်) (ကွယ်လွန်) စာတည်းမှူး (ဋ္ဌာနမှူး)၊တက္ကသိုလ်ဘာသာပြန် နှင့် စာအုပ်ထုတ်ဝေရေးဌာန (နေဝင်တွင် နိုင်ငံတော်ကောင်စီဝင်)၊ (ရှမ်း)
၂။ ဒေါက်တာအောင်ကြီး၊ပါမောက္ခချုပ်(အငြိမ်းစား)၊ ရန်ကုန်စက်မှုတက္ကသိုလ်။ ယခု Nepean မြို့၊ Ontario State, Canada | (ဗမာ)
၃။ ဦးထွန်းအောင်ချိန်၊ ပါမောက္ခ၊ ဌာန မှူး (အငြိမ်းစား)၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။ (နောင်တွင် ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့ သမိုင်းအဖွဲ့)။ (ကရင်)
၄။ ဦးရဲလျှံစွမ်း ပါမောက္ခ၊ ဌာနမှူး၊ သစ်တောပညာဌာန၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ (နောင်တွင် ညွှန်ကြားရေးမှူး (အငြိမ်းစား)၊ သစ်တောသုတေသနဦးစီးဌာန)၊ယခု Seattle မြို့၊ Washington State, U.S.A.)။ (ချင်း)
၅။ ဦးကျော်မြသိန်း၊ (ကွယ်လွန်)၊ကျောင်းအုပ်ကြီး လုပ်သားများ ကောလိပ် (နောင်တွင် ဒုတိယပါမောက္ခချုပ် (အငြိမ်း)၊ ကွန်ပျူတာတက္ကသိုလ်)။ (ရခိုင်)
၆။ ဦးကောင်းညွန့် (ကွယ်လွန်)၊ ပါမောက္ခချုပ် (အငြိမ်းစား)၊ ဒဂုံတက္ကသိုလ်၊(နောင်တွင် အဖွဲ့ဝင်၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့)။ (ဗမာ)
၇။ ဒေါက်တာသိန်းလှိုင်၊ ပါမောက္ခ၊ ဌာနမှူး (အငြိမ်းစား)၊ သတ္တုတူးဖော်ရေးအင်ဂျင်နီယာဌာန၊ ရန်ကုန်စက်မှုတက္ကသိုလ် (ရခိုင်)
အဆိုပါကော်မတီကြီး၏ အတွင်းရေးမှူး အဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -
၁။ ဦးစိုးသိန်း (ကွယ်လွန်)၊ ဌာနမှူး၊ အထက်တန်းပညာဦးစီးဌာန၊ (နောင်တွင် ကျောင်းအုပ်၊ ပဲခူးတိုင်း ဒေသကောလိပ်၊ ဌာန မှူး (စီမံ) (အငြိမ်းစား)၊ ကွန်ပျူတာတက္ကသိုလ်)။ (ဗမာ)
၂။ ဦးအမ်ဇော်နန်း၊ (ကွယ်လွန်)၊ နည်းပြ၊ ဘောဂဗေဒဌာန၊ စီးပွားရေး တက္ကသိုလ်၊ (နောင်တွင် ဗဟိုကော်မတီဝင်၊ လမ်းစဉ်လူငယ် စည်းရုံးရေးဗဟိုကော်မတီ)။ (ကချင်)
၃။ ဦးစောစံကီး၊ သရုပ်ပြ၊ ရူပဗေဒဌာန၊ ပညာရေးတက္ကသိုလ်၊ (နောင်တွင် မော်ကွန်းထိန်း၊ ကရင်ပြည်နယ်ဒေသကောလိပ်)(အငြိမ်းစား)။ (ကရင်)
၄။ ဦးသာဦး (ကွယ်လွန်)၊ နည်းပြ၊မြန်မာစာဌာန၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်၊ (နောင်တွင် ပါမောက္ခချုပ် (အငြိမ်းစား)၊ ပင်လုံတက္ကသိုလ်)။ (ရှမ်း/ အင်းသား)
၅။ ဦးခင်မောင်ချို၊ နည်းပြ၊ ဒဿနိကဗေဒဌာန၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ (နောင်တွင် တာဝန်ခံ ပါမောက္ခချုပ် (အငြိမ်းစား)၊ ဟင်္သာတတက္ကသိုလ်)။ (ဗမာ)
၆။ ဒေါက်တာဘရွှေ၊ ကထိက၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်၊ (နောင်တွင် ဒုတိယဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (အငြိမ်းစား))။ (ရခိုင်)
အဆိုပါကော်မတီကြီး၏ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
၁။ ဦးသန့်ဇင် (ကွယ်လွန်) ဖော်ပြပြီး။(ဗမာ)
၂။ ဦးအမ်ဇော်နန်း (ကွယ်လွန်) ဖော်ပြပြီး၊ (ကချင်)
၃။ ကိုခင်အောင်၊ စတုတ္ထနှစ်၊ ဒဿနိကဗေဒါ။
၄။ ဦးခင်မောင်ချို၊ ဖော်ပြပြီး။ (ဗမာ)
၅။ ဦးသာဦး (ကွယ်လွန်) ဖော်ပြပြီး။(ရှမ်း/အင်းသား)
၆။ ဦးမြင့်ဝေ၊ သရုပ်ပြ၊ ရူပဗေဒဌာန၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ (နောင်တွင် ကထိက (အငြိမ်းစား)၊ ရူပဗေဒဌာန၊ ရန်ကုန် တက္ကသိုလ်)။ (ကယား)
၇။ ဦးတင်ဝင်း (ကွယ်လွန်)၊ လက်ထောက်ကထိက၊ နိုင်ငံရေးသိပ္ပံဌာန၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ၊ နောင်တွင် ပါမောက္ခ၊ ဌာနမှူး၊ မြန်မာစာဌာန၊ ဒဂုံ တက္ကသိုလ်။ (ဗမာ)
၈။ ဦးခွန်ရာဇာ၊ ကထိက၊ ဌာနမှူး၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)။ (ပအိုဝ်း)
၉။ ဦးစိုင်းခမ်းမိုင်း၊ ကထိက၊ နိုင်ငံ တကာ ဆက်ဆံရေးပညာဌာန၊ ရန်ကုန် တက္ကသိုလ် (ရှမ်း)
၁၀။ ဒေါက်တာဘရွှေ၊ ဖော်ပြပြီး၊ (ရခိုင်)
၁၁။ တန်- နန်းလျန်ထန်၊ စတုတ္ထနှစ် (ဒဿနိကဗေဒ) (နောင်တွင် ဥက္ကဋ္ဌ၊ ချင်းအမျိုးသားတပ်ဦး- အမျိုးသားအပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ၌ လက်မှတ်ရေးထိုး သူ-ယခု- Portland မြို့၊ Oregon State, U.S.A.)။ (ချင်း)
၁၂။ ကိုကျော်ဌေး၊ စတုတ္ထနှစ် (ဒဿနိကဗေဒ)၊ (ယခု-ဆစ်ဒနီမြို့၊ ဩစတြေးလျနိုင်ငံ)။ (ဗမာ)
မှတ်ချက် ။ ။ တိုင်းရင်းသားလူမျိုးများ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်)၏ ပြန်ကြား ရေးမှူးအဖြစ် - ကိုသန်းဦး၊ မဟာဝိဇ္ဇာနောက်ဆုံးနှစ် အပိုင်း (က) (ဒဿနိကဗေဒ)၊ (ယခု-မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်)။ (ဗမာ) သည် တာဝန်ယူခဲ့သည်။
အထက်ပါ တိုင်းရင်းသားလူမျိုးများ စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်)၏ ရုံးခန်းအဖြစ် ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာ(Recreation Center) ရှိ ဆိတ်ငြိမ်းခန်းမ (Quiet Lounge) အခန်း (အားကစာမှူးရုံးခန်း နှင့် အနုပညာအသင်ရုံးခန်း အကြားနေရာ) ကို ၁၉၆၇-၁၉၇ဝ ပညာသင်နှစ်ကာလ ကော်မတီကြီးဖွဲ့စည်းစဉ်ကပင် အသုံးပြုရန်ပေးအပ်ခဲ့ပါသည်။ နောင်သောအခါ အရေးအခင်းကာလပေါင်းစုံ ဖြတ်သန်းခဲ့ရသဖြင့် အခန်းတွင်းရှိ စာရွက်စာတမ်း၊ မှတ်တမ်းများ ဓာတ်ပုံများ တိုင်းရင်းသားအသီးသီ၏ ပန်းချီ ကားများသည် ပျက်စီးပျောက်ဆုံးခြင်းတို့ကြောင့် ဆုံးရှုံးခဲ့ရပါသည်။ ယခုအခါ ထိုအခန်း၌ ရန်ကုန်တက္ကသိုလ်အနုပညာအသင်း အခန်းအဖြစ် ဖွင့်လှစ်ထားသည်။
ထို့ပြင် အဆိုပါ ကော်မတီကြီးနှင့် တိုင်းရင်းသားကော်မတီ အသီးသီးတို့သည် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ကြရာတွင် လိုအပ်သော ရန်ပုံငွေများကို နည်းလမ်း မျိုးစုံဖြင့် ရှာဖွေခဲ့ရသည်။ နှစ်စဉ် ပို့စကတ်များ၊ ပြက္ခဒိန်များ အစားအစာရောင်းချပွဲများ ပြုလုပ်ရောင်းချခြင်းတို့ဖြင့် ပင်ပန်းခက်ခဲစွာရှာဖွေ၍ ကျစ်လျစ်စွာ သုံးစွဲခဲ့ကြရသည်။ ထိုသို့ရန်ပုံငွေရှာဖွေသုံးစွဲရသည့် ဗဟိုကော်မတီကြီးနှင့် သက်ဆိုင်ရာလူမျိုး အလိုက် ဖွဲ့စည်းထားသော ကော်မတီ အသီးသီးတို့သည် ရန်ပုံငွေမလုံလောက်ပါက အလုပ်အမှုဆောင် အတွင်းရေးမှူးများ အမှုဆောင်များက မိမိတို့ကိုယ်ပိုင်ငွေများကို စိုက်ထုတ်သုံးစွဲခဲ့ကြရသည်။ ဤသို့အားဖြင့် စေတနသဒ္ဓါစိတ်အပြည့်ဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် ယုံကြည်မှု သန္နိဋ္ဌာန်၊ စွဲမြဲသောလုံ့လ၊ ရိယတို့ အခြေ တည်၍ လုပ်ငန်းဆောင်တာ လှုပ်ရှားမှု အရပ် ရပ်ကို နှစ်ပေါင်း ၃၀ ကျော် လတိုင်ဆောင်ရွက်ခဲ့ကြပါသည်။
မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေး
ပြည်ထောင်စုကြီးထဲက ပြည်ထောင်စု ကလေးဖြစ်သော တက္ကသိုလ်နယ်မြေတွင် နှစ်စဉ်နှစ်တိုင်း ကျောင်းပြီးသွားသည့် ကျောင်းသား ကျောင်းသူဟောင်းများသည် ကျောင်းများမှထွက်ခွာ၍ လုပ်ငန်းခွင်သို့ ရောက်ရှိသွားကြသည်။ တစ်ဖန် ကျောင်းများ သို့ စတင်ဝင်ရောက်လာသော ကျောင်းသားကျောင်းသူသစ်များသည် သွေးသစ်လောင်း သည့်အနေဖြင့် ခွန်အားအပြည့်ဖြင့် ပညာ ဆည်းပူလေ့လာရန်ရောက်ရှိလာကြသည်။ မျိုးဆက်ဟောင်းများက လက်ဆင့်ကမ်း ခဲ့သည့် ပြည်ထောင်စုကြီးအတွက် တိုင်းရင်း သားလူငယ်များတွေ့ဆုံ၍စုပေါင်းဆောင်ရွက် သည့် သွေးစည်းညီညွတ်ရေးစိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများကို မျိုးဆက်သစ် များက ဆက်လက်ကိုင်စွဲကျင့်သုံး၍အနာဂတ် အတွက် အခြေခံကောင်းများ ချမှတ်ခဲ့ကြ သည်။ ဤသို့ဖြင့် ပြည်ထောင်စုကြီးထဲက ပြည်ထောင်စုကလေးဖြစ်သည့် တက္ကသိုလ် နယ်မြေသည် တိုင်ရင်းသားလူမျိုးအသီးသီး ၏ရင်နှစ်သည်းချာ လူငယ်များ စုဝေးရောက်ရှိ ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းလျက် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုကြီး တည်ထောင်ရေးအတွက် စာပေနှင့် ယဉ်ကျေးမှုနည်းလမ်းအား အခြေခံလျက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခိုင် အမာ တည်ဆောက်လျက်ရှိကြသည်။
နိဂုံးချုပ်အနေဖြင့် တိုင်းရင်းသားလူမျိုး များ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) နှင့် သက်ဆိုင်ရာ တိုင်ရင်းသားလူမျိုးအသီးသီး၏ စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၏ ကြီးမားမွန်မြတ်သော မျှော်မှန်းချက်သည် တိုင်းရင်းသားစာပေ နှင့်ဘာသာစကားဿကြပို့ချခြင်း၊ လေ့လာ သင်ယူခြင်း ပြုလုပ်နိုင်မည့်ကျောင်း သိပ္ပံတက္ကသိုလ်တို့ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ထူထောင်ဖွင့်လှစ်ရေးပင်ဖြစ်သည်။ ထို့အပြင် အဆိုပါကျောင်း သိပ္ပံတက္ကသိုလ် တို့၌ပြတိုက်များကိုတစ်ပါတည်ပူဘွဲ့ဖွင့်လှစ်နိုင်ရေးပင် ဖြစ်ပါသည်။ အဆိုပါ မျှော်မှန်းချက်ကြီးသည် အကောင်အထည်ဖော်နိုင်ခဲ့ပါက အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးပေါ်ထွန်း ဖြစ်တည်လာရေးအတွက် ကြီးမားသောအထောက်အကူပြုစေမည်ဟု အလေးအနက် ယုံကြည်ကြောင်းကိုတင်ပြလိုက်ရပါသည်။
မြန်မာ့အလင်း


