ကျိန္တလီ ၄ ဇူလိုင်

 

ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချူပ်နိုင်ရေးလုပ်ငန်းများကို  ပြည်သူများအား သိရှိနိုင်ရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ဇူလိုင် ၄ ရက် နံနက် (၇) နာရီက ကျိန္တလီမြို့မဈေးနှင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်း၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ခင်ထွေး၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျိန္တလီနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သေ့ဌအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး‌ ဒေါ်သန်းသန်း‌လေးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ နေအိမ်ပြင်ပသို့ သွားလာကြရန်၊ လူစုလူဝေး ရှိရာနေရာများ‌သို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို ပြည်သူများအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

 

ကျိန္တလီ(ပြန်/ဆက်)