ပင်လောင်း ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့အဝင် ပင်လောင်း - ပျဉ်းမနား - လွိုင်ကော်လမ်းခွဲ ရင်းမှီးရပ်ကွက် စုပေါင်းစစ်ဆေးရေး ဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေး လုပ်ငန်းကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်းကြားချက်များနှင့်အညီ ပြည်သူလူထု များအား ကိုဗစ် -၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများနှင့် နှာခေါင်းစည်း တပ်ဆင်အသုံးပြုစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ မော်တော်ယာဉ်ဖြင့် ခရီးသွား ပြည်သူများအား စာရင်းမှတ်တမ်း ကောက်ယူထားခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ စစ်ဆေးရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


