တိုကျို နိုဝင်ဘာ ၁၁

 

အောက်တိုဘာ ၃၁ ရက်၌ အောက်လွှတ်တော် ရွေးကောက်ပွဲတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက ထောက်ခံမဲ အများစု ရရှိပြီးနောက် ယင်းပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဖူမီယိုကီရှီဒါးကို နိုဝင်ဘာ ၁၀ ရက် အထူး လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့သည်။

 

ကီရှီဒါး၏ ဝန်ကြီးအဖွဲ့သည် သောကြာနေ့အထိ ကျင်းပပြုလုပ်မည့် သုံးရက်ကြာလွှတ်တော်မတိုင်မီ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လိုအပ်လျက်ရှိသည့် ဝန်ကြီးအဖွဲ့ အစုလိုက်နုတ်ထွက်ခဲ့သည်။ အောက်တိုဘာ ၄ ရက်က အာဏာရရှိခဲ့ပြီး တစ်လနီးပါးကြာမျှ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ကီရှီဒါးသည် ၎င်း၏ဒုတိယဝန်ကြီးအဖွဲ့ကို နိုဝင်ဘာ ၁၀ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။

 

ကီရှီဒါးသည် ယခင်ပညာရေးဝန်ကြီး ယိုရှီ မာဆာဟာယာရှီကို၎င်း၏နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်သွားရန် မျှော်လင့်ထားသည်။ ယိုရှီမာဆာ ဟာယာရှီသည် ဂျပန်-တရုတ် ဆက်ဆံရေးတိုးတက်စေရန် ဘက်မလိုက်သော လွှတ်တော်အဖွဲ့ဝင်များကို ဦးဆောင်ခဲ့သည်။ လွန်ခဲ့သောလက စတင်မိတ်ဆက်ခဲ့သည့် လက်ရှိအစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ အတော်များများ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

 

၂၀၁၉ ခုနှစ်ကတည်းက နိုင်ငံခြားရေးဝန်ကြီး ရာထူးနေရာတွင် ရှိခဲ့သော တိုရှီမစ်ဆုမိုတီဂီကို အကီရာ အာမာရီနေရာတွင် အစားထိုးရန် ယခုလ အစောပိုင်းကတည်းက လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ၏ အတွင်းရေးမှူးချုပ် နေရာတွင် ခန့်အပ်ခဲ့သည်။

 

ဩဇာကြီးမားသည့်လွှတ်တော်က ယခင်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟီရိုယူကီ ဟိုဆိုဒါကို လွှတ်တော်၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ပြီး ယခင် စက်မှုဝန်ကြီးနှင့် အဓိကအတိုက်အခံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်ဖြစ်သူ ဘန်ရီ ကေးဒါကို ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။

 

ယခင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည်လစ်ဘရယ် ဒီမိုကရက်တစ်ပါတီအကြီးဆုံး ဂိုဏ်းအုပ်စု၏ ဥက္ကဋ္ဌအဖြစ် ဟိုဆိုဒါနေရာကို လက်ခံရယူမည်ဖြစ်သည်။

 

အထူးလွှတ်တော် အစည်းအဝေးပြီးနောက် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ယခုနှစ်နောက်ပိုင်းတွင် အာဏာကုန်လွှဲအပ်ခြင်း ခံရသော လွှတ်တော်အစည်းအဝေးပွဲကို ကျင်းပရန် မျှော်လင့်ထားပြီး အဆိုပါအစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ အကျိုးသက်ရောက်မှုကို သက်သာစေမည့် ထောက်ပံ့ကူညီရေး အစီအစဉ်အပါအဝင် ကျန်းမာရေး စောင့်ရှောက်ရေး ဝန်ထမ်းများကို လစာတိုးမြှင့်ရေးနှင့် နေ့ကလေးထိန်းကျောင်း ဝန်ထမ်းများကို လစာတိုးမြှင့်ရေးများ ပါဝင်မည်ဖြစ်သည်။

ဆင်ဟွာ