နေပြည်တော်၊ နိုဝင်ဘာ ၁၇
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက် လျက်ရှိရာ “ဦးဦးတို့အငြိမ့်” ဖျော်ဖြေပွဲကို နိုဝင်ဘာ(၂၀)ရက်၊ ည(၈)နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည် ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို လူရွှင်တော် ဒိန်းဒေါင်မှ စီစဉ်ပြီး ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး နီနီထက်၊ ရှေ့ထွက် မင်းသမီး ကြာနွယ်၊ လူရွှင်တော်များဖြစ်ကြသည့် ငြိမ်းချမ်း၊ အုန်းသီး၊ မိုးတိမ်၊ ပေါ်ဦး တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို နိုဝင်ဘာ (၂၄)ရက် မွန်းလွဲပိုင်း National News အစီအစဉ် အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)