နိုဝင်ဘာ ၁၉

 

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပထမနှစ်ကာလအတွင်း သေနတ်ဖြင့် အကြမ်းဖက်မှု ၃၀ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု ဩစတြေးလျသတင်းဝက်ဘ်ဆိုက် The Conversation တွင် ဖော်ပြထားသည်။

 

ရောဂါကူးစက်မှုဖြစ်ပွားနေသည့် ပထမ ၁၃ လ ကာလအတွင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရ၊ သေဆုံးသူပေါင်း ၅၁၀၆၃ ဦးရှိကြောင်း၊ ထိုကူးစက်မှုမဖြစ်ပွားမီအချိန်တွင် ၃၈၉၁၉ ဦးရှိရာမှ သိသိသာသာမြင့်တက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

 

လက်နက်ဝယ်ယူသူများ ၂၀ ရာခိုင်နှုန်းကျော်များပြားလာရာ ကပ်ရောဂါဖြစ်ပွားမှု အစောပိုင်းက အမေရိကန်တွင် လက်နက်ရောင်းချမှု ကြီးထွားလာခဲ့ကြောင်း ထပ်လောင်းပြောထားသည်။

 

နိုင်ငံတစ်ဝန်းရှိပြည်နယ်အားလုံး၏၅၆ ရာခိုင်နှုန်း၊ ၂၈ ပြည်နယ်တွင် သေနတ်ဖြင့်အကြမ်းဖက်မှုနှုန်း သိသိသာသာမြင့်တက်လာပြီး မီနီဆိုတာပြည်နယ်တွင် ၁၂၀ ရာခိုင်နှုန်းရှိရာ အမြင့်မားဆုံးဖြစ်သည်။

 

စိတ်ဖိစီးမှုများတိုးပွားလာခြင်း၊ စိတ်ပူပန်ခြင်းနှင့် အထီးကျန်ခြင်းတို့ပေါင်းစပ်ခြင်းသည် ရောဂါကူးစက်မှု ကာလအတွင်း လက်နက်ဖြင့် အကြမ်းဖက်မှုမြင့်မားလာစေနိုင်သည့် ပြီးပြည့်စုံသည့်အခြေအနေကို ဖန်တီးခဲ့သဖြင့် ယခုကဲ့သို့ လက်နက်ဝယ်ယူမှု သိသိသာသာတိုးလာခြင်းသည် ပြင်းထန်သည့်စိုးရိမ်မှုကိုမြင့်မားစေသည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို