ဗယ်လက်တာ နိုဝင်ဘာ ၂၆

 

မော်လ်တာတပ်မတော်က ကယ်တင်ခဲ့သော ရွှေ့ပြောင်းဒုက္ခသည် ၄၃ ဦးပါအဖွဲ့ရှိ အမျိုးသမီးတစ်ဦးသည် မော်လ်တာနိုင်ငံကို ပြန်ရောက်ပြီးမကြာမီ သေဆုံးခဲ့ကြောင်း စစ်တပ်က ကြေညာချက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။

 

အမျိုးသမီး ၁၂ ဦးနှင့် ကလေးနှစ်ဦးပါ ဒုက္ခသည်များနှင့် ပြည့်နေသော လှေတစ်စင်းကို ကယ်ဆယ်ခဲ့သည်။

 

ကယ်ဆယ်မှုများလုပ်နေ့စဉ် ရွှေ့ပြောင်းဒုက္ခသည်များကို ၎င်းတို့၏ လိုအပ်ချက်များအရ ပထမဆုံး ကူညီထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည်။ စိတ်မကောင်းလှစွာနှင့် ဒုက္ခသည်တစ်ဦးမှာ ပြန်ရောက်ပြီးမကြာမီ သေဆုံးခဲ့ကြောင်း စစ်ဘက်က ပြောသည်။

 

ကျန်ရှိနေသည့် ဒုက္ခသည် များသည် ဆေးဘက်ဆိုင်ရာ ကုသမှုများကို ခံယူလျက်ရှိသည်။ များသောအားဖြင့် ဒုက္ခသည်များ သည် နေမကောင်းခြင်းများနှင့် မောပန်းနုံးချည့်ခြင်းများကို ခံစား နေရသည်။

 

အဆိုပါလှေသည် ယခုလတွင် မော်လ်တာသို့ အခြေချခဲ့သော ဒုတိယမြောက် ဒုက္ခသည်လှေ ဖြစ်သည်။

ဆင်ဟွာ