ကာလိ၊ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ပေါ် (၆) ရပ်ကွက်နှင့် ကျေးရွာနေ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ဒီဇင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြသည်။
အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့ပေါ် (၆) ရပ်ကွက်နေ ပြည်သူ ၄၅၀ တို့အား အမှတ် (၁) ရပ်ကွက်ရှိ နမ့်ခုံးရှမ်းများ ပရဟိတခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်း၊ ဝမ်မိုင်ကျေးရွာ၊ ပန်ဝိကျေးရွာ၊ လွိုင်ဆိုင်ကျေးရွာ၊ နမ့်ဟူးလိန် ကျေးရွာနေပြည်သူ ၈၀ တို့အား ဝမ်မိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းတို့ကို ကာလိမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝင်းကျော် (ကာလိ)


