ဝါရှင်တန် ဒီဇင်ဘာ ၂၂

 

အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် ၇၀ ရာခိုင်နှုန်းကျော်သည် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများ ဖြစ်ဖွယ်ရှိကြောင်း အမေရိကန်ကျန်းမာရေး အာဏာပိုင်များက ပြောကြားသည်။

 

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တွေ့ရှိခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများအနက် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်သည် ၇၃ ဒသမ၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

လက်ရှိတွင် အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၅၂၀၅၉၆၆၇ ဦးရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၈၂၈၈၃၆ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၄၀၇၁၉၀၄၇ ဦးရှိကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်