ဒီဇင်ဘာ ၂၂
အစ္စရေးနိုင်ငံတွင် အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများအကြား ကျန်းမာရေးဝန်ထမ်းများနှင့် အသက်အရွယ် ကြီးရင့်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံပေးရန်စီစဉ်ထားသည်။
တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ဩဂုတ်ကပြုလုပ်ဆောင်ရွက်ခဲ့ရာ နိုင်ငံလူဦးရေ၏ ၄၄ ရာခိုင်နှုန်း၊ လူဦးရေ ၄ ဒသမ ၁၇ သန်း ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးဖြစ်သည်။
ရောဂါကူးစက်ဖြစ်ပွားမှုမျာ းကျဆင်းခဲ့သော်လည်း အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားသဖြင့် နိုဝင်ဘာလ နှောင်းပိုင်းမှစတင်ကာ ကူးစက်မှုထပ်မံမြင့်တက်လျက်ရှိသည်။
ဒီဇင်ဘာ ၁၉ ရက်က ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၁၀၀၀ကျော်ထပ်မံတွေ့ရှိခဲ့ကာ ယင်းကူးစက်မှုသည် နှစ်လခန့်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။
အစ္စရေးအစိုးရ၏ကျွမ်းကျင်သူအဖွဲ့က ကျန်းမာရေးဝန်ထမ်းများနှင့် အသက်၆၀နှင့်အထက်များအား စတုတ္ထအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် ဒီဇင်ဘာ ၂၁ ရက်ကအကြုံပြုခဲ့သည်။
ဝန်ကြီးချုပ်နာဖ်တလီဘန်နတ်တ်က ထိုအကြံပြုချက်ကိုထောက်ခံကြောင်း ထုတ်ဖော်ပြောကြားကာ အဆိုပါကာကွယ်ဆေးထိုးနှံခြင်းသည် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှုကို ကျော်လွှားရန်အထောက်အကူဖြစ်မည်ဟု ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် ယနေ့အထိ အိုမီခရွန်ကူးစက်ခံရသူ ၃၄၁ ဦးရှိကြောင်း အစ္စရေးမီဒီယာက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


