ဒီဇင်ဘာ ၂၂

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော၂၄နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၃၁၇ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၇၅၈၄၈၁ ဦးအထိမြင့်တက်လာကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၃၁၈ ဦးသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၇၈၃၂၅ ဦးရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၇၈၁၉၀ ရှိသည်ဟုထိုဝန်ကြီးဌာနက ဆိုသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းလာသူပေါင်း ၃၄၂၀၁၉၆၆ ဦးရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၃ ဦးရှိလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို