လန်ဒန် ဇန်နဝါရီ ၁၀

 

လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ၁၄၁၄၇၂ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၄၄၇၅၁၉၂ ဦးရှိလာကြောင်း သိရသည်။

 

ထို့ပြင် ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၉၇ ဦးထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၁၅၀၁၅၄ ဦး ရှိလာကြောင်း ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သိရသည်။

 

အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှား၊ မက္ကဆီကို နှင့် ပီရူးနိုင်ငံများသည် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် တစ်သိန်းခွဲကျော်ရှိခဲ့သည့် နိုင်ငံများဖြစ်ခြင်းကြောင့် ဗြိတိန်နိုင်ငံသည် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူ တစ်သိန်းခွဲကျော်ရှိခဲ့သည့် ခုနစ်နိုင်ငံမြောက် ဖြစ်လာကြောင်း သိရသည်။

 

ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း၊ ၈၂ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၆၁ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။ ။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်