နေပြည်တော် - ဇန်နဝါရီ (၂၇)
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ်(၅၁)ကို ဇန်နဝါရီ (၂၈) ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည် ဖြစ်သည်။
အဆိုပါ ပွဲစဉ်အမှတ်(၅၁)၏ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို သရုပ်ဆောင် စိုးသီဟနှင့် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံလူရွှင်တော်အသင်းမှ လူရွှင်တော်မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇန်နဝါရီ ၂၈၊ ၂၉၊ ၃၀၊ ရက်များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ(၆)နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်