မတ် ၁၀
ယမန်နေ့ကကျင်းပခဲ့သော တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် အဓိကကွန်ဆာဗေးတစ် အတိုက်အခံပြည်သူ့အင်အားပါတီမှ ယွန်ဆုယောခ်အနိုင်ရရှိခဲ့ရာ ယွန်သည် တောင်ကိုရီးယားနိုင်ငံ၏ ၂၀ ဦးမြောက်သမ္မတ ဖြစ်လာသည်။
အဆိုပါရွေးကောက်ခံသမ္မတသည် ဆိုးလ်မြို့တော်တွင် ၁၉၆၀ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က မွေးဖွားခဲ့ပြီး မွေးချင်းနှစ်ဦးအနက် အကြီးဆုံးသားဖြစ်ပြီး ၎င်း၏မိဘများသည် တက္ကသိုလ်ပါမောက္ခဟောင်းများဖြစ်ကြသည်။
ယွန်သည် နာမည်ကြီးဆိုးလ်အမျိုးသားတက္ကသိုလ်တွင် ဥပဒေပညာကို သင်ယူခဲ့သည်။ ထို့နောက် ၁၉၉၄ ခုနှစ်တွင် အစိုးရရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရှေ့နေအဖြစ် ခဏတာလုပ်ဆောင်ခဲ့သည်။
၂၀၁၇ ခုနှစ် မေလတွင် သမ္မတအသစ်အဖြစ်ရွေးချယ်ခံရသော မွန်ဂျေအင်းသည် ယွန်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အစိုးရရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
ယွန်သည် ၂၀၂၁ ခုနှစ်မတ်လတွင် အစိုးရရှေ့နေချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဇွန်လတွင် သမ္မတလောင်းအဖြစ် တရားဝင်ကြေညာခဲ့သည်။ ထို့နောက် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ပြည်သူ့အင်အားပါတီသို့ တရားဝင် ဝင်ရောက်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


