နေပြည်တော် မတ် ၁၀
မိန်းကလေးတစ်ဦးအား လုပ်အားခများ ခေါင်းပုံဖြတ်၍ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သူကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ကမြောကြီးကျေးရွာနေ ဟန်ဦးနှင့် ၎င်း၏ ဇနီး မဇင်မာထွေးတို့က တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်နေ တူမဖြစ်သူ မ xxx ၊ ၁၇ နှစ်အား ကျောင်းပိတ်ချိန်ကာလအတွင်း ထိုင်းနိုင်ငံ၊ ကရဘူရိမြို့ရှိ အထည်ဆိုင်တွင် အလုပ်လုပ်ကိုင်ရန် စည်းရုံး ပြောဆို၍ ထိုင်းနိုင်ငံရှိ ရော်ဘာခြံနေအိမ်သို့ ခေါ်ဆောင်ကာ ရော်ဘာခြစ်သည့် အလုပ်ခိုင်းစေ၍ လုပ်အားခများ ခေါင်းပုံဖြတ်ရယူခြင်း၊ ဟန်ဦးမှ ဓားထောက်ခြိမ်းခြောက်၍ သားမယားအဖြစ် အကြိမ်ကြိမ်အဓမ္မ ပြုကျင့်ခဲ့သဖြင့် မောင်းမကန်နယ်မြေရဲစခန်း၊ (ပ) ၂/ ၂၀၂၁၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၂၉နှင့် မောင်းမကန်နယ်မြေရဲစခန်း၊ (ပ) ၄/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆တို့ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ထားဝယ်ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၈ ရက်တွင် တရားခံ ဟန်ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၂၉ အရ ထောင်ဒဏ်တစ်သက်နှင့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၁) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်အား တစ်ပေါင်းတည်းကျခံစေရန်နှင့် တရားခံ မဇင်မာထွေးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


