မတ် ၂၁

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၄၉ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၀၉၃၉၀ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၁၆၅၁၀ ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၂၅၁၀၆ ဦးရှိသည်။ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကျဆင်းလာသည်မှာ ၅၆ ရက်ဆက်တိုက်ရှိပြီ ဖြစ်သည်။

 

ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံများမှဆင်းသွားသူ ၂၆၅၂ ဦးရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့အထိ ဆေးရုံများမှဆင်းသွားသူပေါင်း ၄၂၄၆၇၇၇၄ ဦးရှိသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို