ဧပြီ ၂၇

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၆၇၈၇ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင်း ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၇၀၈၆၆၂၆ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ရောဂါကူးစက်မှု ၈၀၃၆၁ ဦးရှိရာမှ ကူးစက်ခံရသူဦးရေ လျော့ကျလာခဲ့သည်ဟု ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။

 

မတ်လလယ်က ကူးစက်မှုအမြင့်ဆုံးဖြစ်နိုင်ဖွယ်ရှိသော အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှုလျော့ကျလာသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ယူဆထားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၇ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၄၁ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၂၂၄၆၆ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၄၄၅၄၀၅၁၂ ဦးရှိပြီး ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၃၀၈၃၅၄၄ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို