ဇူလိုင် ၂၀

 

ပါကစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းတွင်  တနင်္လာနေ့က လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

 

အဆိုပါလှေတိမ်းမှောက်မှုတွင် အမျိုးသမီးများနှင့်ကလေးများ အများဆုံးပါဝင်ကာ ၂၁ ဦးသေဆုံးခဲ့ပြီး အခြား လူ ၂၀ မှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

 

ရဲတပ်ဖွဲ့က ထိုလှေနစ်မြုပ်မှုဖြစ်ပွားရာ အင်ဒတ်မြစ်သို့  ရေငုပ်သမားများ စေလွှတ်ခဲ့သည်။ ယင်းလေှသည် လူ ၁၀၀ နီးပါး တင်ဆောင်လာခြင်း ဖြစ်သည်။

 

ထိုလှေပေါ်ပါခရီးသည်များသည် မိသားစုမင်္ဂလာပွဲသို့သွားရောက်ကြသူများဖြစ်သည်။

 

၎င်းလှေပေါ်တွင် အမှန်တကယ်တင်ဆောင်ရမည့်ခရီးသည်ဦးရေထက် ပိုမိုတင်ဆောင်လာခြင်းကြောင့် လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို