နယူးဒေလီ ဇူလိုင် ၂၂
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၅၆၆ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ အဆိုပါရောဂါကူးစက်ခံ ရသူပေါင်း ၄၃၈၂၅၁၈၅ ဦး ရှိလာပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်သည်။
ထို့ပြင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၄၅ ဦး သေဆုံး ခဲ့သည့်အတွက် အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၅၂၅၈၇၀ အထိ ရှိလာပြီဖြစ်သည်။
ပိုးတွေ့ဆဲလူနာအရေအတွက်သည် လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်းကစပြီး မြင့်တက် လာခဲ့သည်။ လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၁၄၈၈၈၁ ဦးရှိကြောင်း သိရသည်။
နေ့စဉ် ကူးစက်မှုနှုန်းသည် ၄ ဒသမ ၂၅ ရာခိုင်နှုန်းရှိပြီး ရက်သတ္တပတ်အတွင်း ကူးစက်မှု နှုန်းမှာ ၄ ဒသမ ၅၁ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။
သို့သော် ရောဂါမှပြန်လည်သက်သာလာသူ ပေါင်း ၄၃၁၅၀၄၃၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်


