ဇူလိုင် ၂၂
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၅၈၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၆၄၀၂၃၅ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက် ၄၅၇၆ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၁ ဦးသည် ပြည်ပပြန်လည်ရောက်ရှိလာသူများ ဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၀ ဦး ထပ်မံသေဆုံးခဲ့ရာ ယင်းရောဂါကြောင့်သေဆုံးသူပေါင်း ၃၅၈၈၈ ဦးအထိ ရှိလာသည်။
နိုင်ငံတစ်ဝန်းရှိ ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းလာသူပေါင်း ၄၅၅၆၉၃၈ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၄၇၄၀၉ ဦးရှိပြီး ၎င်းတို့အနက် ၆၃ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၃ ဒသမ ၉ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းပထမအကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းဒုတိယအကြိမ်ထိုးနှံပြီးသူ ၀ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


