ဇူလိုင် ၂၂

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရကြောင်း သိရသည်။

 

ကိုဗစ်ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးဖြစ်ပြီး ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု နှစ်ကြိမ် ခံယူပြီးဖြစ်သော ဘိုင်ဒင်သည် ရောဂါလက္ခဏာပြင်းထန်မှုမရှိဟု အိမ်ဖြူတော်၏ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 

၎င်းသည် Paxlovid ကိုဗစ်ရောဂါကာကွယ်ဆေး( သောက်ဆေး )ကိုစတင် သောက်သုံးလျက်ရှိကြောင်းနှင့် အိမ်ဖြူတော်တွင် သီးသန့်ခွဲခြားနေထိုင်မည်ဖြစ်ပြီး ယင်းကာလအတွင်း အလုပ်တာဝန်များအားလုံး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုကြေညာချက်တွင် ပြောကြားထားသည်။

 

 ဘိုင်ဒင်သည် ယနေ့မနက်ပိုင်းတွင် အိမ်ဖြူတော်ရှိရုံးအဖွဲ့များဖြင့် ဖုန်းဆက်သွယ်ပြောကြားခဲ့ပြီး အိမ်ဖြူတော်၌စီစဉ်ထားသည့် ၎င်း၏ အစည်းအဝေးကို ၎င်းနေရာမှပင် Zoom ဖြင့်တက်ရောက်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

 

ဇူလိုင် ၁၉ ရက်က ကိုဗစ်-၁၉ ရောဂါရှိမရှိ ဘိုင်ဒင်ကို စမ်းသပ်စစ်ဆေးခဲ့စဉ်က ကိုဗစ်ရောဂါကူးစက်ခြင်းမရှိခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို