ဇူလိုင် ၂၂

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၈၆၃၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၉၀၇၇၆၅၉ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

လွန်ခဲ့သောနေ့က ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ ၇၁၁၇၀ ရှိရာမှ ကူးစက်မှုအနည်းငယ်လျော့ကျလာခြင်းဖြစ်သော်လည်း သီတင်းပတ်အစောပိုင်းက ရောဂါကူးစက်မှု ၃၈၈၆၅ ဦးရှိရာ နှစ်ဆနီးပါးရှိလာကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

 

ပြီးခဲ့သည့်သီတင်းပတ်က ကိုဗစ်ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှုအရေအတွက် ၅၆၈၁၃ ဦး ရှိကြောင်း အတည်ပြုထားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၃၂၃ ဦးသည် ပြည်ပပြန်လည်ရောက်ရှိလာသူများဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၄၈၂၅ ဦးရှိလာသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို